Friday, May 17, 2019

(၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ

Image may contain: 1 person, eyeglasses and closeup(၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆုအတွက် ဆုရရှိသူများစာရင်းကို ဆုရွေးချယ်ရေးအဖွဲ့က မေ ၁၆ရက်တွင် ထုတ်ပြန်ကြေညာကြောင်း သိရသည်။ အဆိုပါဆုများအား စွယ်စုံမီဒီယာဂရု(ပ်) (SweSone Media Group) ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များမှ ရွေးချယ်ခြင်းဖြစ်သည်။


ဆုရရှိသူများမှာ သုတစွယ်စုံတစ်သက်တာ စာပေဆုအတွက် ဒေါက်တာခင်အေး (ဆရာ မောင်ခင်မင်-ဓနုဖြူ)၊ စာပဒေသာ ဘာသာရပ်အတွက် ဒေါက်တာအောင်ကြီး၏ "ကဗျာလူ စာလူ အရပ်ဝတ်အင်္ကျီနဲ့လူ" ၊ လူမှုစီးပွားဘာသာရပ်အတွက် စိန်လင်း (ခွဲစိတ်နှင့် ကင်ဆာပါရဂူ)၏ " ခေါင်းဆောင်မှုအနုပညာ" ၊ လူငယ်စာပေ ဘာသာရပ် အတွက် လင်္ကာရည်ကျော်၏ " သားသို့..." ၊ ၀ိဇ္ဇာဘာသာရပ်အတွက် နွယ်ဦးလှိုင်၏ " မဇ္ဈိမပြတိုက်" ၊ သုတသိပ္ပံဘာသာရပ်အတွက် ဒေါက်တာခင်မောင်လွင်၏ " လိုအပ်နေ သောရေဥပဒေ " နှင့် အသုံးချသိပ္ပံဘာသာရပ်အတွက် မီးအိမ်ရှင် ဒေါက်တာနိုက်တင် ဂေးလ်၏ " အသက်ကြီးသော်လည်း မပျက်စီးသေးသူများနှင့် ကျန်းမာရေးအသိပညာ ပေးဆောင်းပါးများ" တို့ ဖြစ်ကြသည်။

အဆိုပါဆုများကို တစ်သက်တာ စာပေဆုအတွက် ငွေကျပ် သိန်း ၂၀ နှင့် စာအုပ်ဆုများအတွက် စာရေးဆရာတစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းစီ ချီးမြှင့်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့တွင် ဇွန်လတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment