Friday, May 17, 2019

မြန်မာက ကန့်ကွက်သော်လည်း တရုတ်က နယ်စပ်ဂိတ်အချိန်စောပိတ်

မူဆယ်ရှိ နယ်စပ်ဂိတ် နှစ်ဂိတ်ဝင်၊ ထွက်ချိန်ကို တရုတ် နိုင်ငံဘက်မှ အချိန်လျှော့ချသည့် အပေါ် မြန်မာဘက်က  ကန့်ကွက် ထားသည့်တိုင် တရုတ်က ကြေညာထားသည့်အတိုင်း အချိန်စော ပိတ်ခဲ့သည်။  မြန်မာ-တရုတ်နယ်စပ် မူ ဆယ်တွင် နယ်စပ်ဂိတ်သုံးခုရှိ သည့်အနက် လူအဝင်၊ အထွက် ပြုလုပ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကို ယခင်က မြန်မာစံ တော်ချိန် ည ၁၀ နာရီခွဲအထိ ဝင်၊ ထွက်ခွင့်ပြုရာမှ မေလ ၁၅ ရက်က စတင်ကာ ည ၈ နာရီအထိသာခွင့်ပြုမည်ဟု တရုတ်က ကြေညာ ခဲ့သည်။ မေလ ၁၄ ရက်တွင် ကြေညာခြင်းဖြစ်ပြီး မူဆယ်ခရိုင်နယ် စပ်ရေးရာဌာနက ကန့်ကွက်ထား သော်လည်း မေလ ၁၅ ရက်တွင် ည ၈ နာရီက စ၍ နယ်စပ်ဂိတ်ကို တရုတ်က ပိတ်ခဲ့သည်။


‘‘ပိတ်တာ စောလွန်းတော့ နည်းနည်းနောက်ကျတာနဲ့ မြန်မာ တော်တော်များများ ရွှေလီနဲ့ ကျယ် ဂေါင်(တရုတ်)ထဲမှာ အိပ်ဖို့ လုပ်ရတယ်။ ဒီအချိန်က အဆင်မပြေ ဘူး။ တရုတ်ကတော့ ပြောတဲ့အ တိုင်း တိခနဲပဲ’’ဟု မူဆယ်နယ်စပ် ကို နေ့စဉ်ဝင်ထွက်နေသော မြို့ခံ ဦးစိုးနိုင်က ပြောသည်။

နယ်စပ်ဂိတ်ဖွင့်၊ ပိတ်ချိန်ကို ရုတ်တရက် လျှော့ချခြင်းသည် မြန်မာနိုင်ငံသားများ အခက်ကြုံ နိုင်ပြီး ပညာပေးကာလသတ်မှတ် ၍ ဆောင်ရွက်ရန် မြန်မာဘက်က ကန့်ကွက်ထားသည်။ နှစ်နိုင်ငံ တာဝန်ရှိသူအချင်းချင်း ညှိနှိုင်းပြီးမှ ဆုံးဖြတ်ရန်လည်း တောင်း ဆိုထားသည်။

နယ်စပ်ဂိတ်ဖွင့်၊ ပိတ်ချိန် ပြောင်းလဲသည့် ကိစ္စအပါအဝင် နှစ်နိုင်ငံ နယ်စပ်အရေးများကို မူဆယ်နှင့် ရွှေလီမြို့နယ်အုပ်ချုပ် ရေးတာဝန်ရှိသူများ ပါဝင်သည့် နယ်ခြားကော်မတီက ယနေ့ (မေလ ၁၇ ရက်) တွင် တွေ့ဆုံဆွေး နွေးမည်ဖြစ်သည်။  မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်အဝင်၊ အ ထွက်ပြုလုပ်သူ ၁၂,၀၀၀ ခန့်မှ ၁၅,၀၀၀ ကြားရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာနခွဲ(၇)၊ ဒုတိယဌာနခွဲမှူး ညွှန်ကြားရေးမှူး ဦးစော ဝင်းလွင်က ပြောသည်။

No comments:

Post a Comment