Friday, May 17, 2019

သမ္မတလွတ်ငြိမ်းတွင် ပါဝင်သင့်ကြောင်း မန္တလေးအိုးဘိုအကျဉ်းသား ၄၀၀ ခန့်က လူ့အခွင့်အရေးကော်မရှင်ထံတင်ပြ

 မေလ ၇ ရက်က လွှတ် ပေးခဲ့သည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်တွင် ၎င်း တို့ပါဝင်သင့်ကြောင်း မန္တလေးအိုး ဘိုထောင်မှ အကျဉ်းသား ၄၀၀ ခန့်က မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ထံတင်ပြ သည်။ မြန်မာနိုင်ငံအမျိုးသားလူ့အ ခွင့်အရေးကော်မရှင်သည် မေလ  ၁၃ ရက်မှ  ၁၆ ရက်အတွင်း   မန္တလေးအိုးဘိုထောင်၊ ကျောက် ဆည်မြို့နယ်ရှိ ဘဲလင်း (၁) နှင့် ဘဲလင်း (၂) အကျဉ်းစခန်း၊ ပြင် ဦးလွင်မြို့နယ်ရှိ ကျောက်ထုတ် စခန်း၊ ထုံးကို (၁)၊ ထုံးဘို (၂)၊   ထုံးဘို (မ) အကျဉ်းစခန်းများသို့ သွားရောက် စစ်ဆေးစဉ် မန္တလေး အိုးဘိုထောင်မှ အကျဉ်းသား ၄၀၀ ခန့်ကအထက်ပါအတိုင်း တင်ပြသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်အဖွဲ့ဝင်  ဦးယုလွင်အောင် ကပြောသည်။
‘‘အများစုကတော့ လွှတ် ပေးတဲ့အထဲမှာ လွှတ်သင့်လွှတ် ထိုက်ပြီးတော့ ကျန်နေတဲ့သူတွေ  ပေါ့လေ။ သူတို့လည်း ဒီအခွင့်အ ရေးကို ရသင့်တယ်ဆိုတာမျိုးတွေ   တင်ပြတယ်။ ထောင်မှာ လူ့အခွင့် အရေးချိုးဖောက်တာတွေ၊ ညှဉ်း ပန်းနှိပ်စက်တာတွေတော့မရှိပါ ဘူး’’ ဟု မန္တလေးအိုးဘိုထောင်ကို စစ်ဆေးခဲ့သည့် အခြေအနေအပေါ်ဦးယုလွင်အောင်ကပြောသည်။

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းသား ၈,၀၀၀ ကျော်ရှိ သည့်အနက် ၄၀၀ ကျော်ကမြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံခွင့်တောင်း ကာ ၎င်းတို့၏အခက်အခဲများကို တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည်ဧပြီ ၁၇ ရက်မှမေလ ၇ ရက် အတွင်း အကျဉ်းသား ၂၃,၀၀၀ ကျော်လွတ်ငြိမ်းသက်သာခွင့်သုံး ကြိမ်ပေးခဲ့ပြီး မေလ ၇ ရက် လွတ်ငြိမ်းသက်သာတွင် မျှတ မှုမရှိဆိုကာ အကျဉ်းထောင်အ ချို့မှ အကျဉ်းသားအချို့က ဆူပူ   ဆန္ဒပြရာတွင် ရွှေဘိုထောင် ဆူပူ မှုသည် အဆိုးရွားဆုံးဖြစ်ပြီး လုံခြုံ ရေးအဖွဲ့က ထိန်းသိမ်းစဉ်အ ကျဉ်းသားလေးဦးသေဆုံးကာနှစ် ဦးဒဏ်ရာရရှိသည်။ အကျဉ်းထောင်အချို့ဆူပူမှု ဖြစ်နေ၍ တာဝန်ရှိသူများကထိန်း သိမ်းနေစဉ်မြန်မာနိုင်ငံအမျိုးသား   လူ့အခွင့်အရေးကော်မရှင်က အ ကျဉ်းထောင်နှင့် အကျဉ်းစခန်းအ ချို့ကို လိုက်လံစစ်ဆေးခြင်းဖြစ် သည်။

No comments:

Post a Comment