Friday, May 17, 2019

လျပ်စစ်မီးအစီအမံတွေကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ချပြ

ဒီနှစ်နွေမှာ တစ်နိုင်ငံလုံးအတိုင်း လျှပ်စစ်လိုအပ်ချက်မရှိအောင် မဂ္ဂါဝပ် ၃၅၀ ကျော်အထိ တိုးထုတ်ခဲ့ပေမယ့် လိုအပ် ချက်က ၄၀၀ မဂ္ဂါဝပ်အထိ ဖြစ်ခဲ့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ ဒါဟာ ရာသီဥတုပူပြင်းခြင်းနဲ့အတူ အဲကွန်း၊ ရေခဲသေတ္တာ စတဲ့ လျှပ်စစ်အဆင့်မြင့်ပစ္စည်းတွေ ပိုမိုသုံးစွဲလာတာကြောင့် ဖြစ်လို့ ဆိုပါတယ်။ လာမယ့်နှစ် နွေဆိုရင် တစ်နိုင်ငံလုံးလျပ်စစ်လိုအပ်ချက်ဟာ မဂ္ဂါဝပ် ၆၀၀ ကျော်အထိ ရှိလာနိုင်မှာဖြစ်တာကြောင့် ၂၀၂၀ နွေအတွက် တစ်ထောင်မဂ္ဂါဝပ်အထိ တိုးထုတ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။



ဒါ့အပြင် အရံဓာတ်အားအဖြစ်လည်း မဂ္ဂါဝပ် ၅၀၀ လောက် ထားရှိဖို့လိုအပ်တာကြောင့် ၂၀၂ ၀နွေရာသီမှာ လျှပ်စစ်ဓာတ် အား ၁၅၀၀ မဂ္ဂါဝပ်ကျော် လိုအပ်ပြီး ဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ ၀န်ကြီးကပြောပါတယ်။

လက်ရှိမှာလည်း တစ်နိုင်ငံလုံးကို လျှပ်စစ်ဖြန့်ဝေရာမှာ မဟာဓာတ်အားလိုင်းတစ်လိုင်းတည်းကသာ ဖြန့်ဝေနေ ရတာကြောင့် ဓာတ်အားလိုင်းချို့ယွင်းတာနဲ့ ချက်ချင်းလျှပ်စစ်မီးဖြန့်ဝေနိုင်တဲ့ အရံမဟာဓာတ်အား လိုင်းမရှိသေး တာကြောင့် နောက်ပိုင်းမှာ အရံဓာတ်အားလိုင်းက မီးပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၃၅၀ ကေဗွီ ဓာတ်အားလိုင်းမှ ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်နဲ့ ပေးနိုင်ဖို့ဆောင်ရွက်နေပြီး ဒီဓာတ်အားလိုင်းကို ပြည်ထောင်စုမဟာဓာတ်အားလိုင်းလို့ အမည်ပေးထားကာ မကြာမီမှာ တစ်နိုင်ငံလုံးကို လိုအပ်တဲ့ ပမာဏအတိုင်း လျှပ်စစ်မီးပေးနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၆ မှာ တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ လျှပ်စစ်မီးလိုအပ်ချက် ၃၀ ရာခိုင်နှုန်း ကိုပေးနိုင်ခဲ့ပြီး ၂၀၁၉ နှစ်မှာ ၄၅ ရာခိုင်နှုန်းနဲ့ နှစ်ကုန်ပိုင်းမှာတော့ ၅၀ ရာခိုင်နှုန်းအထိ တိုးပေးနိုင်မယ်လို့ မျှော်မှန်း ထားကြောင်း သိရပါတယ်။

၂၀၂၁ မှာ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၆ မှာ ၇၅ ရာခိုင်နှုန်းနဲ့ ၂၀၃၀ မှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ရာနှုန်းပြည့် ဖြည့်ဆည်းပေးနိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အစိုးရသစ် တာဝန်ယူချိန်က စတင်ပြီး ယခုအချိန်ထိ မြန်မာနိုင်ငံအတွင်း မြို့ပေါင်း ၆၈ မြို့နဲ့ ကျေးရွာပေါင်း ငါးထောင်ကျော်ကို ၂၄ နာရီ လျှပ်စစ်မီးလင်းအောင်တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment