Friday, May 17, 2019

သဘာဝဓာတ်ငွေ့သုံး ဘဲလင်း ဓာတ်အားပေးစက်ရုံ အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက် ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ဘဲလင်းဒေသတွင် သဘာဝဓာတ်ငွေ့သုံး ဘဲလင်း ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို မေလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန် က ပြုလုပ်ခဲ့သည်။ ယင်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ၊မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည် ။



ဖွင့်လှစ်လိုက်သည့် သဘာဝဓာတ်ငွေ့သုံး ဘဲလင်း ဓာတ်အားပေးစက်ရုံသည် မန္တလေးမြို့နှင့် ကျောက်ဆည်ခရိုင်အတွင်း ကျေးရွာ ရပ်ကွက်များသို့ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင် က ပြောသည်။

ဘဲလင်း ၁၄၅ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ ၃၀ သန်း အသုံးပြုပြီး Independent Power Product(IPP), Build - Operate - Own (BOO) စနစ်ဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသားပိုင်ပူးပေါင်းရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဖြစ်သည့် Powergen Kyaukse Company Limited မှ ၂၀၁၈ ခုနှစ် မေလတွင် စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ။

စက်ရုံ၏စက်တပ်ဆင်အင်အားမှာ စုစုပေါင်း ၁၄၇.၇၆၈ မဂ္ဂါဝပ်ဖြစ်၍အာမခံထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏမှာ ၁၄၅ မဂ္ဂါဝပ်ဖြစ်ကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း ၁၀၂၀ ဖြစ်ကြောင်းသိရသည် ။

No comments:

Post a Comment