Friday, May 17, 2019

ပထွေးနှင့် စကားများပြီး နေအိမ်မီးရှို့

ကွမ်းခြံကုန်းမြို့နယ်တွင် ပထွေးဖြစ်သူနှင့် စကားများရန် ဖြစ်ပြီး နေအိမ်မီးရှို့သူ အမျိုးသား ကို ဖမ်းဆီးအရေးယူထားကြောင်း ကွမ်းခြံကုန်းမြို့နယ်ရဲမှူးလှသူက ပြောသည်။ ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာနေ အသက် (၂၅)နှစ်ရှိ ထက်လှိုင်ဝင်းဆိုသူသည် မေလ ၁၄ ရက် ည ၁၀ နာရီခွဲတွင် ပထွေး ဦးဝင်းဇော်နှင့် စကားများရန်ဖြစ်ပြီး ၎င်းတို့ နေထိုင်သည့် နေအိမ်ကို မီးရှို့ခြင်းဖြစ်ကြောင်း ရဲမှူးလှသူက ပြောသည်။



‘‘စကားများပြီးတော့ အိမ်ကို မီးရှို့တာပေါ့။ အိမ်က ဓနိမိုးအိမ် ဆိုတော့ ခဏလေးနဲ့ လောင်သွား တယ်။ ဒါပေမဲ့ ဝိုင်းပြီးငြှိမ်းသတ် နိုင်ခဲ့တဲ့အတွက် အိမ်တစ်ခြမ်းပဲ မီးလောင်သွားတာ။ သူ့အမေနဲ့ စကားအရင်များတယ်။ နောက် တော့ ပထွေးနဲ့လည်း စကားများ ကြတယ်။ သူက အရက်ကလည်း နည်းနည်း သောက်ထားသေး တယ်။ ဒေါသကြောင့် ဖြစ်သွား တာပေါ့’’ဟု ရဲမှူးလှသူက ပြော သည်။ ထက်လှိုင်ဝင်းသည် နေအိမ် ကို မီးရှို့ပြီးနောက် အိမ်ခြံဝင်းအ တွင်း ပထွေးနှင့် လုံးထွေးသတ် ပုတ်ခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် တန်ဖိုး နှစ်သိန်းခန့် ပျက် စီးဆုံးရှုံးကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထက်လှိုင်ဝင်းကို ကွမ်းခြံကုန်း မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၃၆ (မီးရှို့ဖျက်ဆီးမှု)ဖြင့် အမှုဖွင့်ကာ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင် ထားကြောင်း ရဲမှူးလှသူက ပြော သည်။

No comments:

Post a Comment