Friday, May 17, 2019

ပြည်ထောင်စု လွှတ်တော်အမတ်များ စမတ်ကျစေရန် သင်တန်းပေး

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို  ဝတ်စားဆင်ယင် သွားလာမှုပုံစံ များနှင့်ပတ်သက်၍  နာမည် ကျော် အစီအစဉ် တင်ဆက်သူနှင့် မော်ဒယ်ဒေါ်တင်မိုးလွင်က လာ ရောက်ပို့ချကြောင်း  အဆိုပါ သင်တန်းသို့ တက်ရောက်သူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်( ၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောသည်။
‘‘ကျွန်တော်တို့ ကိုယ်စား လှယ်တွေ နေထိုင်ပြောဆိုမှု၊ ဝတ် စားဆင်ယင်မှုတွေနဲ့ ပတ်သက်ပြီး  ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုတာ မျိုးတွေကို ပို့ချတာဖြစ်ပါတယ်’’ ဟု ဦးမောင်မောင်လတ်က ပြော သည်။ သင်တန်းကို မေလ ၁၄ ရက် ကစ၍ သုံးရက်ကြာပို့ချခြင်း ဖြစ် သည်။ ‘‘ဒီသင်တန်းက ပြောဆို ဆက်ဆံမှု၊ နေပုံထိုင်ပုံတွေ၊ ကျင့် ဝတ်သိက္ခာပိုင်းဆိုင်ရာတွေပါ တယ်လို့တော့ ကြားတယ်။ ကျွန် တော်တော့မတက်ဖြစ်ပါဘူး။ အ လုပ်တွေရှုပ်နေလို့’’ဟု ကချင် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာခွန်ဝင်းသောင်း ကပြောသည်။ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်တွင် ပို့ချခြင်းဖြစ် ပြီး သင်တန်းသူ၊ သင်တန်းသား များအဖြစ် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် (ကျား၊မ)  ၂၀ ခန့် တက်ရောက်ကြောင်း  ဦးမောင်မောင်လတ်က ပြော သည်။ သင်တန်းဆရာမ ဒေါ်တင် မိုးလွင်အား 7 Day Daily က ဆက်သွယ်မေးမြန်းခွင့်မရခဲ့ပေ။

No comments:

Post a Comment