Friday, May 17, 2019

ဒေသခံဘွဲ့ရများကို မူလတန်းသင် ဆရာ၊ ဆရာမ ဦးစားပေးခန့်ရေး ဆွေးနွေးမည်

အခြေခံပညာမူလတန်းသင် ဆရာ၊ ဆရာမခန့်အပ် ရာတွင် ဒေသခံဘွဲ့ရ တိုင်းရင်း သား၊ တိုင်းရင်းသူများကို ဦးစား ပေးခန့်အပ်ရေး မူဝါဒတစ်ရပ် ထည့်သွင်းချမှတ် အကောင်အ ထည်ဖော်ပေးရန် အဆိုကို ပြည် သူ့လွှတ်တော်၌ ဆက်လက်ဆွေး နွေးရန် မေလ ၁၅ ရက်တွင် ဆုံး ဖြတ်သည်။ သံဖြူဇရပ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက အခြေခံပညာ မူလတန်းသင် ဆရာ၊ ဆရာမဝန် ထမ်းရွေးချယ်ခန့်ထားရာတွင် တိုင်းရင်းသားဒေသ ကျေးရွာ ကျောင်းများ၏ လိုအပ်ချက်အ လိုက် ထိုဒေသကျေးရွာရှိ ဘွဲ့ရ တိုင်းရင်းသား၊  တိုင်းရင်းသူများကို ဦးစားပေးခန့်အပ်ရေးမူဝါဒတစ် ရပ် ထည့်သွင်းချမှတ်အကောင်အ ထည်ဖော်ပေးရန် အစိုးရကို တိုက် တွန်းကြောင်းအဆို လွှတ်တော်သို့ တင်သွင်းခဲ့သည်။
အဆိုတွင် ပါရှိသည့်အတိုင်း အတည်ပြုခန့်အပ်နိုင်ပါက ဘာ သာစကားအခက်အခဲ၊ ပြောင်း ရွှေ့ခွင့်တင်၍ လစ်လပ်မှုပေါ် ပေါက်မည့် အခြေအနေ၊ ဝန်ထမ်း အိမ်ရာဖော်ဆောင်ပေးရန် အခက်အခဲများ ဖြေရှင်းနိုင်မည်ဖြစ်ပြီး လစာနှင့်အညီ အတတ်နိုင်ဆုံး အ ဆင်ပြေအောင် အသက်မွေးဝမ်း ကျောင်းနိုင်ခြင်း၊ အစိုးရအတွက် ပညာပေးလုပ်ငန်း၊ အုပ်ချုပ်ရေး လုပ်ငန်းများတွင် အထောက်အပံ့ ဖြစ်စေခြင်း စသည့် ကောင်းကျိုး များလည်း ရရှိနိုင်မည်ဟု ဦးဉာဏ် ဟိန်းက ဆိုသည်။

‘‘အခု ကျွန်တော်တင်သွင်း သော အဆိုသည် ထိုစိန်ခေါ်မှုများ မှ အရေးပါဆုံးအချက်များကို ဖြေ ရှင်းပေးရန် အထောက်အပံ့ဖြစ်ပါ ကြောင်း ဦးစွာ တင်ပြအပ်ပါ တယ်’’ ဟု ၎င်းက ပြောသည်။

 အထက်ပါအဆိုကို ဂွမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ဝေက ထောက်ခံဆွေး နွေးပြီး ဒေသတစ်ခုတွင် တာဝန် ကျသည့်ဆရာ(သို့မဟုတ်)ဆရာမတစ်ဦးဦးသည် ယင်းဒေသရှိ ကျောင်းသား၊ ကျောင်းသူများ ၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတူညီရန် လိုအပ်ကြောင်း လွှတ်တော်၌ပြောသည်။

ထို့အပြင် တက္ကသိုလ်က ပေး သည့် ဘွဲ့လက်မှတ်တစ်ခုတည်း ဖြင့် မရဘဲ ဘာသာစကားကျွမ်း ကျင်မှုအပေါ် မူတည်၍ မိမိတတ် မြောက်ထားသည့် အသိပညာ၊ အတတ်ပညာကို ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချ ရာတွင် ပိုမိုလွယ်ကူချောမောမည် ဖြစ်ကြောင်း ဦးမြင့်က ပြော သည်။

‘‘အဲဒါကြောင့်မို့ အဲဒီဒေသမှာ ရှိတဲ့ တိုင်းရင်းသား(သို့မဟုတ်)တိုင်းရင်းသူ ဘွဲ့ရပညာတတ်များ ကို ဆရာ၊ ဆရာမများအဖြစ် ခန့် ထားလိုက်ခြင်းအားဖြင့် ကျောင်း သားတွေရဲ့ ပညာသင်ယူရေးမှာ ပိုမိုအဆင်ပြေမယ်လို့ ရှုမြင်သုံး သပ်မိပါတယ်’’ဟု ၎င်းက ထောက် ခံဆွေးနွေးသည်။ ထို့နောက် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်း အဆိုနှင့်ပတ်သက်၍ လွှတ်တော်၌ ဆက်လက်၍ လက်ခံဆွေးနွေး ခြင်းပြု၊ မပြု မေးမြန်းရာ ကန့် ကွက်သူမရှိပေ။

No comments:

Post a Comment