Friday, May 17, 2019

ခန္တီး-မုံရွာ ရေယာဉ်မှ ခရီးသည်နှစ်ဦး ချင်းတွင်းမြစ်အတွင်း ပြုတ်ကျပျောက်ဆုံး

ခန္တီးမှ မုံရွာသို့ ထွက်ခွာလာသော ခရီးသည်တင်အမြန်ရေယာဉ်တစ်စီးပေါ်မှ ခရီးသည်နှစ်ဦး သည် ရေယာဉ်နောက်ပိုင်းအိမ်သာသို့ သွားခိုက်ဆော့ကစားစဉ် ပြုတ်ကျပျောက်ဆုံးနေကြောင်း မင်းကင်းမြို့နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ အတွင်းရေးမှူးဦးမန်းရီက ပြောသည်။ ရေယာဉ်ပေါ်ပါ အသက် (၁၉)နှစ်အရွယ်ရှိ အမျိုးသားနှင့် အမျိုးသမီးတို့သည် မေလ ၁၆ရက်နံနက် ၇ နာရီခန့်က မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ပြုတ်ကျပျောက်ဆုံးခြင်းဖြစ်သည်။
အမျိုးသားသည် ပခုက္ကူမြို့တွင်နေထိုင်သူဖြစ်ပြီး အမျိုးသမီးသည် လေရှီး မြို့နယ်မှ နာဂတိုင်းရင်းသူဖြစ်သည်။ ‘‘ကောင်မလေး   ပြုတ်ကျသွားတော့ ကောင်လေးက ခုန်ချပြီးလိုက်ဆယ်တာ။ နှစ်ခါ၊ သုံးခါတော့ ပြန်ပေါ်တယ်။ ရေယာဉ်က ချက်ချင်းစက်အရှိန်လျှော့ပြီး ပြန်ဆယ်တာ မတွေ့တော့ဘူး’’ဟု ဦးမန်းရီ က ပြောသည်။ သို့ဖြစ်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မေလ ၁၆ ရက် ည၈နာရီခန့်အထိ ရှာဖွေ မတွေ့ရှိသေးကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment