Friday, May 17, 2019

အဂတိမှုဖြင့် တရားစွဲထားသော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနစာရေးမကို အလုပ်နှင့် ထောင်ဒဏ်လေးနှစ်ချ

အဂတိလိုက်စားသည် ဆိုကာ အမှုနှစ်မှုဖြင့် တရားစွဲခံ  ထားရသော မန္တလေးတိုင်းကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဌာနခွဲစာရေးမကို တိုင်းတရား လွှတ်တော်က မေလ ၁၆ရက်တွင် အလုပ်နှင့်ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်ခဲ့သည်။ အမှုတစ်ခုစီကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ပြီး သီးခြားကျခံစေရန် အမိန့်ချမှတ် သဖြင့် လေးနှစ်ကျခံရခြင်းဖြစ် သည်။
မန္တလေးတိုင်း ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့် ကျော်နှင့် ဌာနခွဲစာရေးမဒေါ်သူဇာ သည် ကျေးလက်လမ်းတင်ဒါ အောင် ကုမ္ပဏီခြောက်ခုထံမှ လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းအ လိုက် ထုတ်ပေးမည့်ငွေများထဲမှ ၃ ရာခိုင်နှုန်းဖြစ်သော ကျပ် ၁၀ သန်းကျော်ကို ရုံးစရိတ်၊ ငွေထုတ် စရိတ်ဟုအကြောင်းပြကာ အ ကြိမ်ကြိမ်အပိုကြေးဖြတ်တောက် တောင်းခံရယူခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်က ၂၀၁၈ အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်သည်။ ထို့ကြောင့် ဦးအောင်မြင့် ကျော်ကို ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နှင့် ဌာနခွဲစာရေးမဒေါ် သူဇာကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၆/၅၃ အရ ၂၀၁၈ အောက်တိုဘာ ၃၁ ရက် က အရေးယူပြီး မြစ်ငယ်နယ်မြေ ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒု တိယ ညွှန်ကြားရေးမှူးထွက်ပြေးတိမ်းရှောင်နေ၍ တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည်။

No comments:

Post a Comment