Friday, May 17, 2019

လေမိုးထန်ခြင်းကြောင့် ဓာတ်အားလိုင်းကြိုးများ ပြတ်ကျ၊ လျှပ်စစ်အန္တရာယ် သတိပေး

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျနေလို့ ပြည်သူတွေ သတိပြုကြဖို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ေ မ ၁၆ ရက် ညနေပိုင်းက သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ လမ်းမတော်၊ သန်လျင်၊ တွံတေး၊ ကွမ်းခြံကုန်း စတဲ့ မြို့နယ်တွေမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်တာကြောင့် ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျတာ၊ သစ်ပင် သစ်ကိုင်းတွေ ကြိုးကျတာ၊ သစ်ပင်ကြီးတွေ ပြိုလဲတာ၊ ဓာတ်အားလိုင်းတိုင်တွေ ပြိုလဲခဲ့လို့ တချို့နေရာတွေမှာ ယာယီ ဓာတ်အားပြတ်တောက်ခဲ့ရပါတယ်။


ဓာတ်အားပြတ်တောက်တဲ့ နေရာတွေ ဓာတ်အားပြန်လည်ရရှိရေး လုပ်ဆောင်နေပြီး ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျ၊ ပြုတ်ကျတာတွေကြောင့် လျှပ်စစ်အန္တရာယ် ပေါ်ပေါက်နိုင်လို့ အများပြည်သူတွေ သတိပြုကြဖို့ သတိပေးထားပါတယ်။

ဓာတ်အားလိုင်းကြိုးတွေ ပြတ်တောက် ပြုတ်ကျတာတွေ တွေ့ရှိပါက “YESC CALLCENTER HOT LINE PHONE 1717” နဲ့ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွေကို ဆက်သွယ်အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

No comments:

Post a Comment