Friday, May 17, 2019

မကွေးတိုင်း တောင်သူများ ပုံစံ (၇) ပေးအပ်နိုင်မှု ရာနှုန်းပြည့်နီးပါး ပြီးစီးဟုဆို

မကွေးတိုင်းဒေသကြီး  ရှိတောင်သူများကို လယ်ယာမြေ ပိုင်ဆိုင်မှုပုံစံ (၇) ပြုလုပ်ပေးရာ တွင် ၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်း တိုင်းဒေသကြီးလယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော် ၀င်းကပြောသည်။ မကွေးတိုင်းတွင် ပုံစံ (၇) ပြု လုပ်ပေးရမည့် တောင်သူ ဆယ့် ခုနစ်သိန်းခွဲရှိသည့်အနက် ဆယ့် ခုနစ်သိန်းတစ်သောင်းငါးထောင် ကျော်လုပ်ပေးသဖြင့် ရာနှုန်းပြည့်ပြီးစီးရေး ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။
‘‘ပုံစံ (၇) တွေကို တောင်သူ  တွေအားလုံးအတွက် အဆင်ပြေ အောင် ကြိုးစားလုပ်ဆောင်ပေး နေပါတယ်။ ဒါပေမဲ့ မပေးနိုင် သေးဘဲ ကျန်နေတာတွေက တောင်သူတွေအချင်းချင်းမှာ ပိုင် ဆိုင်မှုတွေ ရှုပ်ထွေးနေတာတွေ ရှိတယ်။ ပေါင်နှံထားတာတွေရှိ တယ်။ ဒါတွေကဖြေရှင်းရခက် နေတာတွေရှိတော့ အဲဒါတွေကြန့်  ကြာတာတွေတော့ရှိတယ်’’ ဟု တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကဆိုသည်။

ထို့အပြင် တောင်သူများ သည် မိမိပိုင်ဆိုင်ထားသည့်လယ် ယာမြေ၏ နယ်မြေအပိုင်းအခြား၊ မြို့နယ်များကို ရှင်းလင်းစွာမသိ ခြင်းကလည်း ပုံစံ (၇) ထုတ်ပေး  နိုင်ရေး အခက်အခဲတစ်ခုဖြစ် ကြောင်း စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးကပြောသည်။

‘‘ကိုယ်ပိုင်တဲ့လယ်ယာမြေ  က ဘယ်မြို့နယ်ထဲမှာ ရှိတယ်ဆို တာသိဖို့လိုပါတယ်။ တချို့ကိုယ့် မြို့နယ်ကနေကျော်ပြီးတခြားမြို့ နယ်မှာ ပိုင်ဆိုင်နေတာမျိုးက ပိုဆိုးပါတယ်။ ဒါတွေကို စိစစ်တဲ့ အခါမှာ မကွေးမြို့နယ်ထဲမှာ လျှောက်ရမယ့်သူက တောင်တွင်း ကြီးမြို့နယ်မှာ သွားလုပ်တာမျိုး တွေရှိတော့ နှောင့်နှေးနေတာ လေးတွေရှိတယ်’’ ဟု ၎င်းက ပြောကြားသည်။ ထို့ကြောင့် ဌာနအနေနှင့် ကွင်းဆင်းစိစစ်၍ တောင်သူများ ကို ပုံစံ (၁) များထုတ်ပေးထားပြီး ယင်းပုံစံ (၁) ကိုကြည့်၍ ပုံစံ (၇) လျှောက်ထားရန်လိုအပ်ကြောင်း၊ ပုံစံ (၇) ပေးအပ်ရန်ကျန်နေသည် များကို ဆက်လက်စိစစ်ဆောင် ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဝင်းကပြောသည်။

No comments:

Post a Comment