Friday, May 17, 2019

အဂတိဖြင့် အမှုဖွင့်ထားသော မြို့နယ်တရားသူကြီး ထွက်ပြေး

 ကျောက်တံခါးမြို့နယ် တရားသူကြီး ဒေါ်ရည်ရည်မွန်ကို ကျပ်သိန်း ၂၀ လာဘ်ယူမှုဖြင့် အ ဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်ပြီး ထွက် ပြေးတိမ်းရှောင်နေ၍ အမြန်ဆုံး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေ ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ မြို့နယ်တရားသူကြီး ဒေါ် ရည်ရည်မွန်သည် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ၂၀၁၇ က တာ ဝန်ထမ်းဆောင်နေစဉ် တရားခံထံ မှ ငွေကြေးရယူပြီး အမိန့်ချခဲ့ခြင်း ကြောင့် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် အရေးယူခြင်းဖြစ် ကြောင်း ကော်မရှင်က ဆိုသည်။
သစ်တောဥပဒေပုဒ်မ ၄၂ (ခ) အရ စွဲဆိုခဲ့သည့် တရားခံ မိခင်ထံမှ တရားခံရှေ့နေဒေါ်ဇာ ခြည်ဝင်းသည် မြို့နယ်တရားသူ ကြီးနှင့် တရားရုံးဝန်ထမ်းများကို ပေးရန် ကျပ်သိန်းသုံးဆယ့်နှစ် သောင်းကို တောင်းခံခဲ့သည်။ ထို ပမာဏအနက် ကျပ်သိန်း ၂၀ ကိုရယူ၍ ဒေါ်ရည်ရည်မွန်က အ မိန့်ချခဲ့ခြင်းဖြစ်သည်။ ငွေကြေး ပေးသော်လည်း အမှုမအောင်မြင် ၍ ခရိုင်တရားရုံးတွင် အယူခံ တက်ရသဖြင့် တရားခံရှေ့နေ ဒေါ်ဇာခြည်ဝင်းက  အရေးယူရန် ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

တရားခံမိခင်ထံမှ ငွေ တောင်းခံရာတွင် အကူအညီပေး ခဲ့သည့် ရှေ့နေဒေါ်ဇာခြည်ဝင်း၊ ခင်ဦးမြို့နယ်တရားရုံး ရုံးစောင့်၊ သန့်ရှင်းရေး ဦးရဲဝဏ္ဏတို့ကို ပုဒ်မ ၅၆/ ၆၃ ဖြင့် အမှုဖွင့်ခဲ့သည်။ ထို့ အပြင် ဦးရဲဝဏ္ဏသည် တရားရုံး တွင် စစ်ဆေးနေစဉ် ကာလအ တွင်း တရားခံမိခင်ထံ အကြောင်း အမျိုးမျိုးပြ၍ ငွေတောင်းခံခဲ့သ ဖြင့် ပုဒ်မ ၅၇ ဖြင့် ခင်ဦးမြို့နယ် ရဲစခန်း၌ မေလ ၁၆ ရက်တွင်အမှု ဖွင့်ခဲ့သည်။ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာခြည်ဝင်းနှင့် ဦးရဲဝဏ္ဏကို ဖမ်းမိထားသော်လည်း ဒေါ်ရည် ရည်မွန်သည် ထွက်ပြေးတိမ်း ရှောင်နေ၍ အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်နေကြောင်း ကော်မ ရှင်က သတင်းထုတ်ပြန်သည်။

No comments:

Post a Comment