Friday, May 17, 2019

ထိုင်းနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသော ရာစုနှစ်ဝက်သက်တန်းရှိ The Nation သတင်းစာ ရပ်မည်

Image may contain: people sitting, table and indoorထိုင်းနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေလျှက်ရှိသော The Nation သတင်းစာသည် လာမည့် ဇွန်လကုန်တွင် ပုံနှိပ်ထုတ်ဝေမှုကို ရပ်တော့မည်ဖြစ်ပြီး Online သတင်းစာအဖြစ်သာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဇူလိုင် ၁ ရက်နေ့မှစကာ အွန်လိုင်းသတင်းစာအဖြစ်သာ ဆောင်ရွက်တော့မည်ဖြစ်ပြီး အမြတ်အစွန်းအနေဖြင့် တဖြည်းဖြည်းလျော့ကျခဲ့သည်မှာ ပြီးခဲ့သည့် ဆယ်စုနှစ်ကတည်းကပင် ဖြစ်သောကြောင့် ပုံနှိပ်ထုတ်ဝေမှုကို ယခုကဲ့သို့ ရပ်လိုက်ရခြင်းဖြစ်ကြောင်း Nation Multimedia Group ၏ အမှုဆောင်အရာရှိချုပ် Somchai Meesaen က ယနေ့ပြောကြားသည်။
The Nation သတင်းစာကို ၁၉၇၁ ခုနှစ်မှ စတင်၍ ပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် ရာစုနှစ်ဝက်နီးပါး သက်တမ်းရှိသော သတင်းစာတစ်စောင်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသော သတင်းစာများမှာ Bangkok Post နှင့် The Nation သတင်းစာ နှစ်စောင်သာရှိသည်။

No comments:

Post a Comment