Friday, May 17, 2019

ာတ်အားပေးစက်ရုံဖွင့်ပွဲသို့ လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် တိုင်စာ ၄၀ ကျော်ပေးပို့

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကူးမြို့နယ် ဘယ်လင်းဒေသတွင် မေလ ၁၇ ရက်နေ့က ပြုလုပ်သည့် ဓာတ်အားပေးစက်ရုံဖွင့်ပွဲသို့ လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် တိုင်စာ ၄၀ ကျော်ပေးပို့ကြောင်း သိရသည် ။ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့၏ ခရီးစဉ်များတွင် တိုင်ကြားစာလက်ခံဌာန ထားရှိပြီး ပြည်သူများတင်ပြလိုသည့် အခက်အခဲများကို လက်ခံလျှက်ရှိသည် ။



``တိုင်ကြားစာဌာနကို တင်လာတာ တိုင်ကြားစာ သုံးဆယ်ကျော်ရှိတယ် ။ ဘာတွေတိုင်လည်းဆိုတာမသိရဘူး ။ စာအိပ်နဲ့ ပိတ်ပို့တာ။´´ ဟု တိုင်ကြားစာလက်ခံဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

ထို့အပြင် တိုင်ကြားသူ အချို့ကလည်း နိုင်ငံတော်အတိုင်အပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြတိုင်ကြားမှုများရှိသည် ။

No comments:

Post a Comment