Friday, May 17, 2019

အင်းတော်ကြီးဒေသရှိ ဒေသခံတိုင်းရင်းသားတို့၏ ဓားမဦးချလုပ်ကိုင်သည့် မြေယာများပြန်လည်ပေးအပ်ရန် ဒုတိယသမ္မတထံ သိမ်းဆည်းခံတောင်သူများ တောင်းဆို

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ ဒေသခံတောင်သူမျာူထံမှ တပ်မတော်၊ဌာနဆိုင်ရာများမှ သိမ်းဆည်းထားသည့် လယ်မြေများအား ပြန်လည်ပေးအပ်ရန် နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီယူထံ သိမ်းဆည်းခံတောင်သူများက သတင်းစာရှင်းလင်းပွဲပြုလုပ်တောင်းဆိုခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



အင်းတော်ကြီးဒေသရှိ ဒေသခံတောင်သူများထံမှ တပ်မတော်၊ဌာနဆိုင်ရာများ နှင့်အုပ်ချုပ်ရေးမှူးတို့မှသိမ်းဆည်းထားသည့် မြေဧကစုစုပေါင်းမှာ ၁၀၀ ကျော်ရှိသည့်အပြင် အချို့တောင်သူများကို မြေယာသိမ်းဆည်းသူများက တရားစွဲဆိုမှုများကြောင့် တရားရင်ဆိုင်နေရကြောင်း မိုးညှင်းမြို့၊ထန်းတပင်ကျေးရွာတွင်နေထိုင်သော တောင်သူတစ်ဦးဖြစ်သူ ဒေါ်မိုးမိုးလှိုင်က ပြောကြားသည်။

''၂၀၁၀ ခုနှစ်မှာ ကျွန်မရဲ့ခြံထဲမှာ ဌာနဆိုင်ရာကနေ ၆၆KV မီးတိုင်ဓာတ်အား ဆောက်တဲ့အခါမှာ လျော်ကြေးအဖြစ် ကုမ္ပဏီကနေ ၂၄သိန်းပေးပေးမယ့် မိုးညှင်းမြို့နယ်ထွေအုပ်ကနေကျွန်မကို ၃ သိန်းဘဲ ပေးခဲ့ပါတယ်။ဒါကြောင့် ကျွန်မကတိုင်ကြားမှုတွေပြုလုပ်တာဖြစ်တဲ့အတွက် ကျွန်မကိုမြေပြန်သိမ်းမယ်လို့ဌာနဆိုက်ရာအားလုံးကပြောပါတယ်။မြေစစ်ဌာနကလဲ တရားဝင်ပြောကြားခဲ့ပါတယ်။အဲ့ဒိနောက်ပိုင်းမှာ ၂၀၁၃၊၂၀၁၄ စသဖြင့်မြေတွေအများကြီး ကျွန်မက ကျွန်မခြံထဲမှာလုပ်နေရင်းနဲ့ယနေ့ ၂၀၁၉ခုနှစ်အထိမြေသိမ်းခံရပြီး အခုလောလောဆယ် မိုးညှင်းမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။ဒါ့ကြောင့် ကျွန်မတို့မြေတွေကိုပြန်ပေးဖို့နဲ့တရားမျှတမှုရှိစေဖို့ ဒီနေရာကနေတဆင့် နိုင်ငံတော်သမ္မတကြီးနဲ့ဒုတိယသမ္မတတွေဆီတောင်းဆိုရခြင်းဖြစ်ပါတယ်''ဟု မိုးညှင်းမြို့၊ထန်းတပင်ကျေးရွာတွင်နေထိုင်သော တောင်သူတစ်ဦးဖြစ်သူ ဒေါ်မိုးမိုးလှိုင်က ပြောကြားသည်။

ထို့ပြင် ဒေသခံတိုင်းရင်းသားတောင်သူများအနေဖြင့် ယင်းလယ်မြေများတွင် နှစ်ပေါင်း ၇၀ကျော်လုပ်ကိုင်ခဲ့သူများအပြင် ပိုင်ဆိုင်မှုအထောက်အထားများရှိပြီး ဓားမဦးချ လုပ်ကိုင်ခဲ့သည့် တောင်သူများဖြစ်သော်လည်း မြေယာများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထိုသို့မြေသိမ်းဆည်းမှုကြောင့် ပြဿာနာများဖြစ်ပွားကာ မြေသိမ်းဆည်းခံတောင်သူများ ဒုက္ခရောက်နေရမှုကြောင့် တောင်သူတစ်ဦးဖြစ်သူ ဒေါ်တင်ကြည်က ပြောကြားသည်။

''သချိ င်္ုင်းမြေလို့သတ်မှတ်တဲ့ နေရာနဲ့အန်တီတို့ ကားလမ်းတစ်ဖက်စီးခြားတယ်။အဲ့ဒါကို သဂြိ င်္ုလ်စက်လုပ်ဖို့ဆိုပြီးအုပ်ချုပ်ရေးမှူးက သိမ်းတယ်။နောက်သိမ်းဆည်းမြေတွေတိုင်းမယ်ဆိုတော့ အန်တီမြေ ၅ ဧကလုံး တစ်မှုံတောင်မကျန်ဘူးပါသွားတယ်။အဲ့ဒိတော့ အန်တီတို့ ဘာလိုလုပ်စားရမလဲ။ကူညီကျပါဦး''ဟု အသက် ၇၅နှစ်အရွယ် မြေသိမ်းခံ ဒေါ်တင်ကြည် ကပြောကြားသည်။

ူလယ်ယာမြေနှင့်အခြားမြေများစုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဌ နိုင်ငံတော်သမ္မတဦးဟင်နရီဗန်ထီးယူမှ ဗဟိုမြေစစ်အဖွဲ့နှင့် အောက်မြေစစ်အဖွဲ့များထံသိမ်းဆည်းလယ်ယာမြေများအမြန်ဆုံးစိစစ်ပြန်လည်ပေးအပ်နှင့်သိမ်းဆည်းမြေများအား မူလတောင်သူများထံပြန်လည်ပေးအပ်လိုခြင်းမရှိပါက ခေတ်ကာလမြေယာပေါက်ဈေးဖြင့် အလျော်ပေးအပ်ရန် ညွန်ကြားမှုများရှိရာသော်လည်း အောက်ခြေဌာနဆိုင်ရာများကမူ မူလလယ်သမားများကိုပြန်လည်ပေးအပ်ခြင်းမရှိသည့်အမှုများမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် မြောက်မြားစွာရှိနေကြောင်း တောင်သူလယ်သမားအရေးဆောင်ရွက်သူ ဦးဇော်ရမ်းကပြောကြားသည်။

No comments:

Post a Comment