Friday, May 17, 2019

မိုးနှင့်လေပြင်းကြောင့် မြောက်ဦးစစ်ရှောင်စခန်း ၁၀ ခုကျော်ရှိ နေအိမ် ၅၀ ကျော်ပျက်စီး

 ရခိုင်ပြည်နယ် မြောက် ဦးမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်မှ အိမ်ထောင်စု ၅၀ကျော် နေအိမ်များ ပျက်စီးခဲ့ကြောင်း နယ်မြေခံ လွှတ်တော်ကိုယ်စား လှယ်နှင့် ဒေသခံများက ပြော ကြားသည်။ မေလ ၁၅ရက် မွန်းလွဲပိုင်း တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်ခြင်းကြောင့် တောင်မြင့်၊ တိမ်ညို၊ ရွာဟောင်း တော၊ ကုန်ဘောင် (ရွာသစ်)၊ လက်ကောက်ဈေး၊ သပြေကန်၊ ၀က်လှ၊ ကြက်ဈေး၊ သရက်အုပ် စသည့် ကျေးရွာများရှိ စစ်ရှောင် စခန်းများမှ နေအိမ်များအမိုး လန်ခြင်း၊ တစ်စိတ်တစ်ပိုင်း ပျက် စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦး ထွန်းသာစိန်က ပြောသည်။
  ‘‘တိမ်ညိုက ဒုက္ခသည်စခန်း မှာ ဒုက္ခသည် ၃၀၀ လောက်ရှိ တယ်။ အဲဒီမှာအိမ်တွေပြိုတာရှိ တယ်။ အမိုးအကာတွေပြိုကျ သွားတာရှိတယ်။ မနေ့ကတစ်နေ့ ကုန် မိုးရွာပြီးလေတွေတိုက်နေ တာ။ ဒီနေ့တော့သိပ်မရွာတော့ ဘူး။ လေတော့နည်းနည်းတိုက် တယ်။ ထမင်းချက်ရတာတို့၊ အိမ်ဘက်အိပ်ရတာတို့ အခက် အခဲရှိတာပေါ့’’ ဟု တိမ်ညိုကျေး ရွာမှ ဦးစောမောင်က ပြောကြား သည်။

မြောက်ဦးမြို့ရှိ ကူညီရေး အဖွဲ့တာဝန်ရှိသူတစ်ဦးက ‘‘အခု တော့ ကျွန်တော်တို့မြို့ပေါ်က လူတွေ တာလပတ်တို့၊ ၀ါးလုံးတို့ သွားလှူနေကြတယ်။ အဆင်ပြေ သွားမှာပါ။ ဒီလိုထပ်ပြီးဆက် တိုက် မိုးတွေရွာနေရင်တော့ သူတို့အတွက် အခက်အခဲရှိနိုင် တယ်။ မြောက်ဦးမြို့ပေါ်က မြတန်ဆောင်းဒုက္ခသည်စခန်း မှာလည်း အမိုးအကာတွေနည်း နည်း ပြိုသွားတာရှိတယ်။ ဒုက္ခ သည်တွေ စခန်းတွေမှာကတော့ အဓိက စားနပ်ရိက္ခာလိုအပ်နေပါ တယ်’’ ဟု ပြောကြားသည်။

စစ်ရှောင်များ ခိုလှုံရာအ ဆောက်အအုံများသည် ၀ါး၊ တာ လပတ်စသည်တို့ဖြင့် အဖြစ် သဘော တည်ဆောက်ထား၍ ယခုကဲ့သို့ ပျက်စီးဆုံးရှုံးရကြောင်း ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦး ထွန်းအောင်ကျော်က ပြောသည်။

လူဦးရေ ၃,၀၀၀ ကျော်ရှိ သည့် မြောက်ဦးမြို့နယ်စင်းဘော ကိုင်းစစ်ရှောင်စခန်းတွင်လည်း ထိခိုက်ပျက်စီးမှု များပြားကြောင်း မြောက်ဦးမြို့မှ ကူညီရေးဆောင် ရွက်နေသူ ကိုခိုင်မင်းသျှင်ကပြော သည်။

‘‘မိုးတွင်းကာလ ရောက် တော့မယ်။ အဲဒါကြောင့် စစ်ဘေး ရှောင်စခန်းတွေကို အမိုးအကာ တွေ ထောက်ပံ့ပေးစေချင်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ နောက်ပြီး ကျောင်းဖွင့်တဲ့ရာသီ ရောက်တော့မှာဆိုတော့ စစ်ဘေး ရှောင်ထဲမှာပါလာတဲ့ ကျောင်း သားတွေအတွက် တစ်ခုခုကူညီ ပေးစေချင်တယ်’’ ဟု ကိုခိုင်မင်း သျှင်က ပြောသည်။ တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲ များကြောင့် မြောက်ဦးအပါအ၀င် ရခိုင်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခု၌ စစ်ဘေးသင့်ဒုက္ခသည် ၃၇,၀၀၀ ကျော်ရှိကြောင်း ကူညီရေးအဖွဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က မေလ ၇ ရက်တွင် သတင်းထုတ်ပြန်ထား သည်။

No comments:

Post a Comment