Friday, May 17, 2019

ကျောင်းကားလိုအပ်တဲ့ ကျောင်းတွေကို ကျောင်းကားပံ့ပိုးပေးမယ်လို့ YRTA ပြော

လာမယ့်ကျောင်းဖွင့်ရာသီမှာ ရန်ကုန်တိုင်းအတွင်းက ကျောင်းကားလိုအပ်ချက်ရှိတဲ့ ကျောင်းတွေကို ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ (YRTA ) က ကျောင်းကားတွေ ပံ့ပိုးပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ ကျောင်းကားလိုအပ်ချက်ကို ပံ့ပိုးပေးဖို့ အတွက် YRTA အနေနဲ့ နည်းလမ်းနှစ်မျိုး ကို စီစဉ်ထားတယ်လို့ YRTA ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ကျောင်းကားပြေးဆွဲရာမှာ ရန်ကုန်တိုင်းအစိုးရ က ချ မှတ်ထားတဲ့ မူဝါဒ ၁၂ ချက်နဲ့ ကိုက် ညီရမှာဖြစ်ပြီး ဒီအချက်တွေထဲမှာတော့ ဘယ်မောင်းဖြစ်ရမှာ ၊ ထိုင်ခုံတိုင်းမှာ ခါးပတ်ပါရမှာ ၊ ကျောင်းအမည်နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေကို ရေးသားထားဖို့ စတဲ့အချက်တွေပါဝင်တာပါ။



ရန်ကုန်တိုင်းက ကျောင်းတွေမှာ ကျောင်းကားအခက်အခဲရှိပါက တိုင်းအစိုးရကို တင်ပြသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောပါတယ်။

လက်ရှိမှာ ဝယ်ယူထားတဲ့ ကျောင်းကားတွေကို ယာဉ်ရပ်နားကွင်းမှာထားရှိပြီး နေ့ စဉ်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ YRTA ရဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင်ကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကျောင်းကား အစီး၂၀၀ကို ၂၀၁၇ခုနှစ်က ဝယ်ယူခဲ့ပြီး အခြေခံပညာကျောင်းတွေထဲက ယာဉ်ကြောပိတ်ဆို့မှု အဓိကဖြစ်ပေါ်နေတဲ့ ကျောင်း ၂၂ကျောင်းကို ကျောင်းကားစနစ် ကျင့်သုံးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပညာသင်နှစ်က ကမာရွတ်တီတီစီနဲ့ ရန်ကင်းတီတီစီကျောင်းတွေမှာ ကျောင်းကားသစ် ၆၅ စီးကို YRTAကွပ်ကဲမှုနဲ့ပြေးဆွဲနေတာဖြစ်ပါတယ်။

No comments:

Post a Comment