Friday, May 17, 2019

တိုက်ကြီးတွင် စက်ရုံကြို/ပို့သုံးဘီးဆိုင်ကယ်တိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ

Image may contain: one or more people and outdoorတိုက်ကြီးမြို့နယ်၊ ပုတ္တကျေးရွာကနေ မှော်ဘီ MGE အထည်ချုပ်စက်ရုံကို ကြို/ပို့ပြု လုပ်နေတဲ့ သုံးဘီးဆိုင်ကယ် ဒီနေ့မနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်း သန့်ဇင်အောင် မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်မှာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၄၅ နဲ့ ၄၆ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မူကြောင့် ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်လိုက်ပါလာတဲ့ စက်ရုံဝန်ထမ်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး ၅ ဦးကတော့ စိုးရိမ်ရလို့ အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသထားရပါတယ်။ ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၉ ဦးကိုကတော့ တိုက်ကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

No comments:

Post a Comment