Friday, May 17, 2019

ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဆီ အိုစမာဘင်လာဒင် မိသားစုထံက ချေးငွေရောက်လာလို့ ခုံရုံးစစ်ဆေးနေ

အဆင့်မြင့် တရားစီရင်ရေးရုံးက ၄ ရက်မြောက်အဖြစ် ကြားနာ စစ်ဆေးလျက်ရှိပြီး အသင်းပိုင်ရှင် နှစ်ဦးစလုံး ကိုလည်း ဖြေရှင်းချက်ကိုယ်စီ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အိုစမာ ဘင်လာဒင်ရဲ့ မိသားစုထံကနေ ပရီးမီယားလိဂ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ ပေါင် ၃ သန်း ချေးငွေ ရယူခဲ့တယ်လို့ SPORT BIBLE သတင်းဌာနကဖော်ပြလာပါတယ်။



တယ်လီဂရပ်ဖ် သတင်းဌာနရဲ့ ဖော်ပြချက်အရ ၀က်ဖို့ဒ်အသင်းရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကီဗင် မက္ကာဘီနဲ့နောက်ထပ် ပိုင်ရှင်တစ်ဦးဖြစ်တဲ့ဆော်ဒီ တော်ဝင်မင်းသား အဗ္ဗဒူလာဗင်မူဆာဒ်ဘင်အဗ္ဗဒူလာအဇစ်တို့ကြားက အဆင်မပြေမှုတွေကို အဆင့်မြင့် တရားရေးရုံးက စစ်ဆေး ကြားနေပြီလို့လည်းသိရပါတယ်။

၎ရက်မြောက် ကြားနာတဲ့နေ့မှာ ပေါင် သန်းချေးငွေကို ဒယ်တာ စီမံကိန်းကနေတဆင့် ရယူခဲ့တယ်လို့သိရပြီး ၀က်ဖို့ဒ်အသင်းအနေနဲ့ ယခင် အယ်ကိုင်ဒါ ခေါင်းဆောင်ဟောင်းဖြစ်ခဲ့တဲ့ အိုစမာ ဘင်လာဒင်ရဲ့ မိသားစုတွေနဲ့ အဆက်အဆံ ရှိတယ်လို့ သိရတာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က တရားရေး စီမံချက်မှာ အဆိုပါ ချေးငွေတွေက ပြန်ပေးစရာမလိုပဲနဲ့ စပွန်ဆာအနေနဲ့ရရှိလာတာလို့လည်း သိရပါတယ်။

The Star သတင်းဌာနရဲ့ ဖော်ပြချက်အရ ကြာသပတေးနေ့မှာတော့ ဒီငွေတွေဟာ အခြားအရင်းအမြစ်တစ်ခုက ရလာတယ်လို့ ထပ်မံ ပေါ်ထွက်လာခဲ့ပြီး အိုစမာဘင်လာဒင်ရဲ့ မိသားစုထံကနေ ရရှိလာတာလို့ ထပ်မံ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ရှက်ဖီး ယူနိုက်တက် ကုမ္ပဏီကိုတော့ မက္ကာဘီနဲ့ သူ့မိသားစုကဆောင်ရွက်နေပြီး လျှို့ဝှက်ပူးပေါင်း ကြံစည်မှု၊အကျိုးယုတ်စေမှုတွေနဲ့ တရားစွဲခံထားရပါတယ်။

UTB LLC ကုမ္ပဏီကိုတော့ ဆော်ဒီတော်ဝင်မင်းသား ပိုင်ဆိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေရဲ့အဓိကရင်းမြစ်နဲ့ ရှယ်ယာ ရှင်တွေကြား သဘောာတူညီချက်ကို ပွင့်လင်းမြင်သာစွာ ချပြခိုင်းထားပါတယ်။

No comments:

Post a Comment