Friday, May 17, 2019

အရေပြားကင်ဆာဖြစ်နေသည့် ခြင်္သေ့ကြီးကို လူဆေးရုံတွင် ကုသပေး

ခေးရော့စ်ဟု အမည်ရသည့် ခြင်္သေ့ ကြီးသည် အရေပြားကင်ဆာဖြစ်နေသ ဖြင့် ယင်းကို တောင်အာဖရိကရှိ အထူးကု ဆေးရုံကြီးတွင် ရေဒီယိုဓာတ်ရောင် ခြည်ဖြင့် ကုသပေးခဲ့ရကြောင်း သိရသည်။ လူအတွက် လုပ်ထားသည့်ဆေးရုံတွင် ၎င်းကို ကုပေးရမည်ဖြစ်သဖြင့် လူနာများ လန့်မသွားစေရန်အလို့ငှာ တာဝန်ရှိသူ များက ခြင်္သေ့ကြီးကို နောက်ပေါက်မှ တိုး တိုးတိတ်တိတ် သွင်းခဲ့ရသည်။ အသက် ၁၆ နှစ်ရှိပြီဖြစ်သည့် ခြင်္သေ့သည် သတိ မေ့နေပြီး ယင်းကို စင်ပေါ်တွင် ကြိုးဖြင့် တုပ်ထားသည်။ ခြင်္သေ့ကြီးနှာခေါင်းတွင် အနာများဖြစ်နေသဖြင့် ယင်းကို ဆရာ ဝန်များက ကုသပေးခြင်းဖြစ်သည်။



တောင်အာဖရိကတွင် တိရစ္ဆာန်များအ တွက် အဆင့်မြင့်စက်ပစ္စည်းမရှိသဖြင့် အလေးချိန် ပေါင် ၅၇၀ ရှိ ထိုခြင်္သေ့ကို လူဆေးရုံတွင် ကုသခဲ့ရခြင်းဖြစ်သည်။ ခြင်္သေ့၏မျက်စိနှင့် အကောင်းအတိုင်း ရှိသည့် နှာခေါင်းဘက်ခြမ်းတို့ကို ဆ ရာဝန်တို့က ပတ်တီးဖြင့် စည်းပေးထား သည်။ သို့မှသာ ရေဒီယိုဓာတ်ရောင်ခြည် များ ထိုနေရာများကို မထိမည်ဖြစ်သည်။ ကုသမှုမှာ ငါးမိနစ်သာကြာသည်။ ခေး ရော့စ်သည် ရက်သားအရွယ်ကတည်း ကပင် ဘေးမဲ့တောကြီးသို့ ရောက်လာ သူဖြစ်သည်။ ]သူက ကျွန်တော့သားသမီး လိုဖြစ်နေပြီ။ ဒါကြောင့် သူ့အသက်ကို ကယ်ဖို့ဆိုဘာပဲလုပ်ပေးရ၊ လုပ်ပေးရ လုပ်ပေးမှာပဲ] ဟု ခေးရော့စ်ကို အနီးကပ် စောင့်ရှောက်ပေးရသည့်ဝန်ထမ်းက ဆို သည်။ ခေးရော့စ်နှာခေါင်းတွင် အနာဖြစ် သဖြင့်အသားစယူစစ်ကြည့်ရာ ကင်ဆာ ဖြစ်နေကြောင်း တွေ့ရသည်။

No comments:

Post a Comment