Friday, May 17, 2019

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားအဆင့်ပွဲစဉ်အားလုံး ထွက်ပေါ်

 ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ရှမ်းနှင့် ဟံသာဝတီ၊ မကွေးနှင့် ရခိုင်၊ ရတနာပုံနှင့် စစ်ကိုင်း၊ ဆောက်သမ်းနှင့် ရန်ကုန်အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေသည်။ မေလ ၁၅ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်သည့် ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် နောက်ဆုံးပွဲစဉ်တွင် စစ်ကိုင်းအသင်းက ဒဂုံအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၁-၀ ဂိုးဖြင့် အနိုင်ရကာ ကွာတားအဆင့်သို့ တက် ရောက်ခဲ့သည်။



 ပဒုမ္မာကွင်း၌  ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် ဆောက်သမ်းမြန်မာအသင်းက လိဂ်-၂ မှ ငွေကြယ်ပွင့်လေးများအသင်းကို ခြေစွမ်းအသာဖြင့် ဖိအားပေးကစားပြီး ၄-၀ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ ကွာတား အဆင့်သို့ တက်ရောက်ခဲ့ သည်။

မေလ ၁ ရက်နှင့် ၉ ရက်က ယှဉ်ပြိုင်သည့် ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်များတွင် ရခိုင်အသင်းက ဇွဲကပင် အသင်းကို (ပင်နယ်တီ အဆုံးအဖြတ် ) ၆-၅ ဂိုး၊ ရှမ်းအသင်းက မြ၀တီအသင်းကို ၂-၀ ဂိုး၊ မကွေးက အားကာ

သိပ္ပံအသင်းကို ၃-၀ ဂိုး၊ ဟံသာဝတီက တက္ကသိုလ်အသင်းကို ၅-၁ဂိုး၊ ရတနာပုံက ဧရာဝတီအသင်းကို ၂-၁ ဂိုးဖြင့် အသီးသီး အနိုင်ရပြီး ကွာတားအဆင့်သို့ တက် ရောက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များကို မေလ ၁၉ ရက်နှင့် ၂၀ ရက်တွင် သုဝဏ္ဏကွင်း နှင့် အောင်ဆန်းကွင်း၌ ကျင်းပမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ချန်ပီယံ ရန်ကုန် ယူနိုက်တက်အ သင်းသည် ယခုနှစ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်က စတင် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ် လုပွဲတွင် ရန်ကုန်အသင်းက  ဟံသာဝတီအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

No comments:

Post a Comment