Friday, May 17, 2019

ကျိုက်ထီးရိုးစေတီတော် မိုးကြိုးစက်ကွင်းထိမှန်၍ ရွှေများကွာကျ

မွန်ပြည်နယ် ကျိုက် ထိုမြို့နယ် ကျိုက်ထီးရိုးတောင် ၀န်းကျင်တွင် မိုးကြိုးပစ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်၍ ကျိုက် ထီးရိုးစေတီရှိ ရွှေများကွာကျ ကြောင်း ဂေါပကတာဝန်ခံ ဦးကျော်ဝင်းလှိုင်က ပြောသည်။ မေလ ၁၅ ရက် ညတွင် ကျိုက်ထီးရိုးတောင်ဝန်းကျင်၌ မိုးကြိုးပစ်သဖြင့် ရွှေများကွာကျကာ စီစီတီဗီစောင့်ကြည့်ထိန်းချုပ်ခန်းမှ System Unit ပုံး လောင်ကျွမ်းခဲ့ကြောင်း ဦးကျော်ဝင်းလှိုင်က ဆိုသည်။


‘‘ည ၁၀ နာရီလောက်က မိုးတော်တော်ရွာတယ်။ မိုးကြိုးလည်း သုံးကြိမ်လောက် ပစ်တယ်။ မိုးကြိုးစက်ကွင်း မလွတ်တဲ့သဘောပါ။ ဘုရားကတော့ အများကြီးထိခိုက်ပျက်စီးတာ မရှိဘူး။ ရွှေဖတ်တွေ နည်းနည်းကွာကျသွားတယ်။ ကွာကျသွားတဲ့နေရာကို သရိုးကိုင်ပြီးတော့ ပြန်လုပ်သွားမှာပါ။ ခုမနက်ကျတော့ ကွာကျသွားတဲ့ရွှေတွေက အောက်မှာကျနေတော့ ပြန်စုထားတာ နွံတွေရော၊ သရိုးပါတာတွေရော၊ အမှိုက်တွေရော ပြန်ခြစ်ယူထားတာ တစ်ပိဿာ နှစ်ဆယ်သားလောက်တော့ ပြန်ရထားတာ နောက်မှရွှေပြန်ထွက်လာအောင်ပြန်သန့်စင်မှာပါ’’ဟု ဦးကျော်ဝင်းလှိုင်က ပြောသည်။

မိုးကြိုးစက်ကွင်း ထိမှန်သောကြောင့် ထိခိုက်ပျက်စီးမှုများကို သြ၀ါဒါစရိယ ဆရာတော်ထံ ခွင့် တောင်းကာ ပြန်လည်ပြုပြင်မည် ဖြစ်ပြီး စေတီတော်ရှိ ရွှေများကွာ ကျခြင်း၊ ဘုရားတွင်တပ်ဆင်ထား သည့် စီစီတီဗီ ၇၂ လုံးကို ထိန်းချုပ်သည့် System Unit ပုံး လောင်ကျွမ်းခြင်းသာရှိခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ဦးကျော်ဝင်းလှိုင်က ဆိုသည်။

ကျိုက်ထီးရိုး တောင်တွင် ဈေးရောင်းသူတစ်ဦးက ‘‘မိုးကြိုး က မိုးတွင်းဆို အမြဲပစ်နေကျပဲ။ ထိခိုက်မှုရှိတာနဲ့ မရှိတာပဲကွာ တယ်။ ညဘက်ပစ်တော့ လူထိ ခိုက်မှု မရှိဘူး။ ဘာနိမိတ်မှ မယူ ပါဘူး။ အခုအချိန်က ရာသီဥတု က အရမ်းပူတော့ ပစ်ချင်တဲ့အ ချိန် ပစ်ချင်တဲ့နေရာ ပစ်တယ်’’ဟု ပြောသည်။ အလားတူ ၂၀၁၅ တွင် မိုး ကြိုးစက်ကွင်း ထိမှန်သောကြောင့် စေတီတော်ရှိ ရွှေပြားများ အကွက် လိုက် ကွာကျမှု ဖြစ်ပေါ်ခဲ့ပြီး ရွှေ ခုနစ်ပိဿာခန့် ကွာကျခဲ့သည်။

No comments:

Post a Comment