Friday, May 17, 2019

မီးပြတ်၍ အခက်အခဲကြုံတွေ့နေသော ရန်ကုန်တိုင်းရှိ မြို့နယ်အချို့သို့ နေ့စဉ်ရေဂါလန်တစ်သိန်းကျော် ဖြန့်ဝေနေ

 မီးပြတ်၍ ရေတွန်းစက် များ စွမ်းအားပြည့်မောင်းနှင်နိုင်မှု မရှိသည့်ကာလအတွင်း ရေအ ခက်အခဲရှိသည့်မြို့နယ်များသို့ ရေသယ်ယာဉ်များဖြင့် တစ်ရက် လျှင် ရေဂါလန်တစ်သိန်းကျော် ဖြန့်ဝေနေကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ ရေရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ အကြီး တန်းအရာရှိတစ်ဦးကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအ တွင်း ရေတွန်းစက်များတည်ရှိရာ မြို့နယ်များတွင် လျှပ်စစ်မီးမကြာ ခဏပြတ်တောက်နေခြင်းကြောင့် ရေတွန်းစက်များစွမ်းအားပြည့် မောင်းနှင်နိုင်ခြင်းမရှိသဖြင့် မြို့ နယ်အချို့၌ ရေအားမကောင်း ခြင်း၊ ရေပြတ်ခြင်းများ ဖြစ်ပေါ်နေ သည်။
ထိုသို့ ရေပေးဝေမှုအခက် အခဲဖြစ်ပေါ်နေသည့်ကာလတွင် သောက်သုံးရေအခက်အခဲရှိပါက ဆက်သွယ်အကူအညီတောင်းခံ နိုင်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီက ထုတ်ပြန်ပြီးနောက် အကူအညီ တောင်းခံသည့်မြို့နယ်များသို့ ရေ သယ်ယာဉ်များဖြင့် လိုက်လံပေး ဝေခြင်းဖြစ်သည်။

‘‘ပျမ်းမျှအားဖြင့်ဆိုရင်တစ် ရက်ကို ရေဂါလန်တစ်သိန်းကနေ တစ်သိန်းခွဲအထိ ရေသယ်ယာဉ် တွေ၊ ရေသယ်သမ္ဗန်တွေနဲ့ လိုက် ပြီးပေးနေရတယ်။ လျှပ်စစ်မီး ပြန်မှန်ရင်တော့ ဒီလိုအခက်အခဲ တွေမရှိနိုင်တော့ပါဘူး’’ ဟုရေရရှိ ရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ အကြီးတန်းအရာရှိ က ပြောသည်။ ရေအခက်အခဲရှိ၍ အကူအ ညီတောင်းခံမှုအများဆုံးမှာ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း၊ ယုဇန ဥယျာဉ်မြို့တော်)နှင့် ကြည့်မြင် တိုင်မြို့နယ်တို့ဖြစ်ကြောင်း ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှတ်တမ်းများတွင် ဖော် ပြထားသည်။

ဒလနှင့် ကြည့်မြင်တိုင်မြို့ နယ်အတွက် တစ်ရက်လျှင် ရေ ဂါလန် ၃၅,၀၀၀ ကျော်စီ၊ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့နယ်အတွက် ရေဂါလန်တစ်သောင်းကျော်နှင့် အခြားမြို့နယ်အချို့အတွက် တစ် ရက်လျှင် ရေဂါလန် ထောင် ဂဏန်းခန့် ပေးဝေနေရသည်။

ထိုသို့ ရေသယ်ယာဉ်များဖြင့် လိုက်လံပေးဝေမှုကို ဧပြီ ၁ ရက် ကစတင်ပြီး မေလ ၁၅ ရက်အထိ ရေဂါလန်သုံးသန်းခန့် ပေးဝေ ထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီမှတ်တမ်းတွင် ဖော်ပြထား သည်။

ထို့အပြင် စည်ပင်ပိုင်ရေ ပိုက်လိုင်းများဖြင့်လည်း ရန်ကုန် မြို့အတွက် နေ့စဉ်ရေဂါလန် ၂၀၅ သန်း ဖြန့်ဖြူးနေကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် လျှပ် စစ်မီးပြတ်တောက်၍ ရေပေးဝေ မှုအဆင်မပြေသဖြင့် မြို့နေပြည် သူများကို တောင်းပန်ထားသည်။

No comments:

Post a Comment