Friday, May 17, 2019

စစ်ကိုင်းတိုင်းတွင် GAP စနစ်ဖြင့် သခွားမွှေး၊ ဖရဲဧက တစ်ထောင်ခန့် စိုက်ပျိုးရန် စီစဉ်

စစ်ကိုင်းတိုင်းတွင် စိုက် ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများစနစ် (GAP) ဇုန်ဖြင့် သခွားမွှေးနှင့် ဖရဲဧကတစ်ထောင် ခန့် စိုက်ပျိုးရန်စီစဉ်နေကြောင်း တိုင်းဒေသကြီး ဖရဲနှင့် သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း ဥက္ကဋ္ဌဦးစိုးလွင် က ပြောသည်။ ၂၀၁၉-၂၀၂၀ ဖရဲ၊ သခွား မွှေး စိုက်ပျိုးရာသီတွင် GAP ဇုန် အကောင်အထည်ဖော်ရန် အ စည်းအဝေးကို မေလ ၁၅ ရက်က မုံရွာခရိုင် ချောင်းဦးမြို့နယ်ရှိ အ ဆိုပါ အသင်းရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးတွင် ချောင်းဦးမြို့နယ် ပေါက်အင်းစိုက်ကွင်း GAP ဇုန်၌ သခွားမွှေးစိုက် ဧက ၅၀၀ ကို အစုအဖွဲ့ဖြင့် စိုက် ပျိုးရန် စီစဉ်ထားပြီး ဖရဲစိုက်ပျိုး သော ထီးချိုင့်၊ စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦးမြို့နယ်တို့၌ GAP ဇုန်အ ဖြစ် ဖရဲစိုက်ဧက ၅၀၀ စိုက်ပျိုး ရန် စီမံချက်ချထားကြောင်း ဦးစိုး လွင်က ပြောသည်။

‘‘GAP ဆိုတဲ့ ဈေးကွက် မရရှိသေးတောင်မှ ဈေးကွက် ဖော်ဆောင်မှုက အရည်အသွေး ကောင်းမွန်လာတဲ့အတွက် တန် ဖိုးမြင့်ဖြစ်လာမယ်။ သမားရိုးကျ သစ်သီးတွေထက် စားသုံးသူတွေ အန္တရာယ်ကင်းမယ်။ ဓာတုဆေး ၀ါးအလွန်အကျွံ မသုံးတဲ့အတွက် စိုက်တဲ့တောင်သူတွေနဲ့ လယ် ယာလုပ်သားတွေ ဘေးအန္တရာယ် ကင်းတယ်’’ဟု ၎င်းကဆိုသည်။

GAP ဇုန်စနစ်ဖြင့် ဖရဲ၊ သခွားမွှေးစိုက်ပျိုးသူများပြားလာလျှင် မူဆယ်သစ်သီးဈေးကွက်တွင် GAP သစ်သီးအရောင်းဈေးကွက် နေရာသတ်မှတ်ခြင်း၊ တရားဝင် တင်သွင်းရောင်းချသည့် မျိုးစေ့ များ၊ သွင်းအားစုများ ပံ့ပိုးမှုရရှိရန် ဆောင်ရွက်ခြင်း၊ တောင်သူများ စိုက်ပျိုးရေး အထောက်အကူပြု စေရန် အသေးစားချေးငွေလုပ် ငန်းများ ချိတ်ဆက်ခြင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဦးစိုး လွင်က ဆိုသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဖရဲ၊ သခွား မွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း တာဝန်ရှိသူများ၊ အပူပိုင်းဒေသဖရဲ၊ သခွားမွှေးတန်ဖိုးမြင့် ထုတ်ကုန် စီမံကိန်း တာဝန်ခံနှင့် ချောင်းဦး၊ မြောင်၊ ထီးချိုင့်၊ ရေစကြိုမြို့နယ်တို့မှ ဖရဲ၊ သခွားမွှေးစိုက်ပျိုးသည့် တောင်သူများ တက်ရောက်ဆွေးနွေးခဲ့သည်။

No comments:

Post a Comment