Friday, May 17, 2019

အေဂျက်ဇ်အသင်း ပြည်တွင်းဖလားနှစ်လုံး ဆွတ်ခူး

 နောက်ဆုံးနေ့ ဒီဂ ရက်ဖ်စ်ချပ်အသင်းကို ၄-၁ ဂိုး ဖြင့် အနိုင်ရရှိသည့် အေဂျက်ဇ်အ သင်းသည် ၂၀၁၄ နောက်ပိုင်း ၎င်းတို့၏ ပထမဆုံးလိဂ်ဖလားနှင့် အတူ ပြည်တွင်းဖလား နှစ်လုံး ရရှိခဲ့သည်။ နည်းပြအဲရစ်တန်ဟက်၏ အေဂျက်ဇ်အသင်းသည် ချန်ပီယံ လိဂ်ဗိုလ်လုပွဲ ရောက်ရန် နီးစပ်ခဲ့ ပြီး ၎င်းတို့၏ (၃၄) ကြိမ်မြောက် ဖလားရရန် နောက်ဆုံးနေ့တွင် တစ်မှတ်သာလိုခဲ့သည်။ လက်ဆီချုံးနှင့် နီကိုလာ့စ် ဘာဂလီယာဖီကိုတို့၏ ပထမပိုင်း ဂိုးများက နယ်သာလန်ဖလားရရှိ ပြီးဖြစ်သည့် အေဂျက်ဇ်အတွက် လိဂ်ဖလားကို သေချာစေခဲ့သည်။ ယင်းနောက် ဒူဆန်တာဒမ်က ၁၁ ပွဲဆက် လိဂ်ပွဲသွင်းဂိုးများအဖြစ် နှစ်ဂိုးသွင်းယူသည်။



ဒီဂရက်ဖ်စ်ချပ်အတွက် ယူ ဆွမ်အယ်ဂျီဘလီက ချေပဂိုးသွင်း ယူပြီး ၎င်းတို့သည် Eredivise လိဂ်တွင် ဆက်လက်နေခွင့်ရရန် တန်းမဆင်းရရေး ရှုံးထွက်ပွဲများ ကစားရဦးမည်ဖြစ်သည်။

အေဂျက်ဇ်နည်းပြ တန် ဟက်က ငါးနှစ်အတွင်း ပထမဆုံး ရရှိသော Eredivise ဖလားကို ဦးနှောက်သေသွားသည့် လူငယ် ကစားသမားနော်ရီကို ရည်စူး သည်ဟု ပြောကြားသည်။

အက်ပီဟုလူသိများသော အရည်အချင်းရှိ လူငယ်ကစားသ မားနော်ရီသည် ၂၀၁၇ ဇူလိုင်က ဝါဒါဘရီမင်နှင့် အေဂျက်ဇ် ခြေ စမ်းပွဲတွင် နှလုံးထိခိုက်ပြီး ဦး နှောက်သေဆုံးခဲ့သည်။

ဖလားအတွက် အောင်ပွဲခံ ပြီးနောက် အေဂျက်ဇ်နောက်ခံလူ ဒါလီဘလိုင်းကလည်း နော်ရီကို အရိုအသေပြုခဲ့သည်။ အေဂျက်ဇ်တွင် အောင်မြင် နေသော နည်းပြတန်ဟက်သည် အသင်းမှ ထွက်ခွာနိုင်သည်ဆို သော ပြောဆိုမှုများ ရှိနေပြီး ၎င်း ကို ဘိုင်ယန်၊ ချယ်လ်ဆီးနှင့် ဘာ စီလိုနာတို့က ခေါ်ယူလိုသည်ဟု သိရသည်။ ၎င်းသည် ဘိုင်ယန် တွင် ဂွာဒီယိုလာ၏လက်ထောက် နည်းပြ ဖြစ်ဖူးသည်။

No comments:

Post a Comment