Friday, May 17, 2019

ရေနံချောင်းတွင် လေယာဉ်ဆီများတင်ဆောင်လာသည့် ၂၂ဘီး တွဲကား မီးလောင်မှု ဖြစ်ပွား

ဓါတ်ပုံ  - ဇော်ကြီးမေကြးတိုင္းေဒသျကီး၊ ရေနံချောင်းမြို့၊မြို့ရှောင်လမ်းခွဲ၊ မိုင်တိုင်အမှတ် ၈/ဝနှင့်ရ/ရကြားတွင် (ယနေ့) မေ ၁၆ ရက် ၊ မွန်းလွဲ ၁နာရီအချိန်ခန့်က လေယာဉ်ဆီများတင်ဆောင်လာသည့် ၂၂ဘီးတွဲယာဉ်တစ်စီး ကားဘီး တာယာများ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ မိတ္ထီလာမြို့ ၊ပြည်သာယာရပ်တွင် နေထိုင်သော ယာဉ်မောင်း ကိုဌေးအောင် (၃၈)နှစ် မောင်းနှင်လာ သည့် လေယာဉ်ဆီများ တင်ဆောင်လာသော ၂၂ဘီးတွဲယာဉ်သည် မကွေးဘက်မှ ကျောက်ပန်းတောင်း မြို့ ဘက်သို့ မောင်းနှင်လာစဉ် ရေနံချောင်းမြို့ရှောင်လမ်းခွဲ အရောက်တွင် ဘယ်ဘက်ကားဘီးများ ၊ဘရိတ်ရှုးကပ်ကာ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



မီးလောင်မှု ဖြစ်စဉ်သို့ ရေနံချောင်းမြို့နယ်မှ မီးသတ်ယာဉ်၎စီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဌာနမှ မီးသတ်ယာဉ်၂စီးနှင့် ရေသယ်ယာဉ်၁စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁နာရီ၃၅မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုး ကျပ်၁၂သိန်း ရှိကြောင်း ရေနံချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ရုံးမှ သိရသည်။

အဆိုပါ လေယာဉ်ဆီများကို မန်း/သံပုရာကန်မှ တင်ဆောင်လာပြီး မန္တလေးမြို့၊တံတားဦးသို့ သွားရောက်ပို့ဆောင်မည်ဖြစ်ကြောင်း မီးလောင်မှု ဖြစ်ပွားရာသို့၊ ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဇော်မင်းနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ယာဉ်မောင်း ကိုဌေးအောင်ကို ပ/(၈၀) ရာဇသတ် ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment