Friday, May 17, 2019

လွိုင်ကော်တွင် နေ့ရောညပါ လုံခြုံရေးတင်းကြပ်

လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်၍ ကရင်နီလူငယ်အင်အားစမှ ဆန္ဒပြချီတက်မည်ဟု လူမှုကွန်ယက်စာမျက်နှာ ( Facebook) တွင် ပျံ့နှံ့နေခြင်းကြောင့် ဗိုလ်ချုပ်ကြေးရုပ်ထုထားရှိရာ ကန္ဒာဟေဝန်ပန်းခြံ၊ လွိုင်ကော်မြို့ အဝင်လမ်းများ၊ ပြည်နယ်အစိုးရဆောက်အဦးနေရာဝန်းကျင်နှင့်လမ်းမများတွင် လုံခြုံရေးရဲများထူထပ်စွာချထားကြောင်းသိရသည်။ ညဘက်အချိန်တွင်လည်း လမ်းများကိုပိတ်ဆို့တားဆီး စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်းသိရသည်။



ဗိုလ်ချုပ်ကြေးရုပ်ထုကို ရွေ့ပြောင်းပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုလ်က ယခုလ (၇)ရက်နေ့ ကရင်နီလူငယ် သပိတ်ကော်မတီနှင့်ဆွေးနွေးခဲ့စဉ် ကတိပေးခဲ့သော်လည်း ကတိပေးခဲ့သော်လည်း (၁၄) ရက်နေ့ ထပ်မံတွေ့ဆုံပွဲတွင် ကြေးရုပ်ထုကို လုံးဝမပြောင်းရွေ့ ပေးနိုင်ကြောင်း ဝန်ကြီးချုပ်မှ ကတိဖျက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယခုလ (၁၄) ရက်နေ့မှ စ၍ ကရင်နီပြည် (ကယား) ကို အရေးပေါ်ကာလအဖြစ်သတ်မှတ်ထားကြောင်းလည်း ပြည်နယ်အစိုးရမှာ စာထုတ်ထားကြောင်းသိရသည်။

No comments:

Post a Comment