Friday, May 17, 2019

ချယ်လ်ဆီးကွင်းလယ်လူ လို့ဖ်တပ်ချိတ် ခြေချင်းဝတ်ဒဏ်ရာကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲလွဲချော်နိုင်

အမေရိကန်နိုင်ငံတွင် ကစားခဲ့သော ပရဟိတချစ်ကြည် ရေးပွဲတစ်ခုအတွင်း ခြေချင်းဝတ် ဒဏ်ရာရရှိပြီးနောက် ချယ်လ် ဆီးကွင်းလယ်လူ ရူဘင်လို့ဖ်တပ် ချိတ်သည် ယူရိုပါလိဂ်ဗိုလ်လုပွဲ နှင့် လွဲချော်နိုင်ဖွယ်ရှိနေသည်။ ချယ်လ်ဆီးက New England Revolution ကို ၃-၀ ဂိုးဖြင့်နိုင်သောပွဲ ပထမပိုင်းတွင် လို့ဖ်တပ်ချိတ် (၂၃) နှစ်သည် ဘယ်ဘက်ခြေချင်းဝတ် ဒဏ်ရာ ရရှိသည်။ ယင်းပွဲစဉ်တွင် ရော့စ်ဘာက လေက နှစ်ဂိုးသွင်းယူပြီး ဂျီရော့ဒ် လည်း ဂိုးသွင်းကာ ချယ်လ်ဆီးက အနိုင်ရရှိသည်။


လို့ဖ်တပ်ချိတ်သည် ချယ်လ် ဆီး၏ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဖရန့်ဖတ်နှင့် ဒုတိယအကျော့ပွဲ တွင် ဂိုးသွင်းယူပြီး ၎င်းပါဝင်က စားသော နောက်ဆုံးပွဲ ၁၅ ပွဲ၌ သွင်းဂိုးကိုးဂိုးနှင့် တိုက်ရိုက်ပါဝင် ပတ်သက်သည်။

မေလ ၁၅ ရက်က ကစား သည့် ယင်းပွဲစဉ်သည် အမုန်း တရားများ ကျူးလွန်မှုကို တိုက် ဖျက်ရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများအတွက် ကန် ဒေါ်လာလေးသန်း ရှာဖွေနိုင်ခဲ့ သည်။ ယင်းပွဲစဉ်မတိုင်မီက အရေးပါသော ဥရောပဗိုလ်လုပွဲ တစ်ခု နီးကပ်နေချိန်၌ မိမိတို့ အသင်း အမေရိကန်နိုင်ငံသို့ သွား ရောက်ကစားရမည့်အရေးကို စိုးရိမ်ကြောင်း ချယ်လ်ဆီး နည်းပြ မော်ရီဇီယိုဆာရီက ထုတ်ဖော် ပြောကြားသည်။

No comments:

Post a Comment