Friday, May 17, 2019

အခြေခံပညာကျောင်းတက်ရက် အပြောင်းအလဲရှိ၊ မရှိ ညှိနှိုင်းပြီးမှ ထုတ်ပြန်မည်ဟုဆို

အခြေခံပညာကျောင်း များကို မတ်လကုန်အထိဖွင့်လှစ် ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသော်လည်း ကျောင်းတက် ရက်အပြောင်းအလဲရှိ၊ မရှိထပ်မံ ညှိနှိုင်းကာ ထုတ်ပြန်မည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးကိုလေးဝင်းကပြော ကြားသည်။ေ နပြည်တော် ပြန်ကြား ရေးဝန်ကြီးဌာန၌ မေလ ၁၅ ရက် ကပြုလုပ်သည့် နိုင်ငံတော်အစိုးရ ၏ ပြည်သူ့အတွက် တတိယတစ် နှစ်တာအတွင်းဆောင်ရွက်ခဲ့မှု များဆိုင်ရာသတင်းစာရှင်းလင်းပွဲ တွင် 7Day Daily သတင်းစာ၏ မေးမြန်းမှုအပေါ် ဦးကိုလေးဝင်း ကထိုသို့ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။



‘‘ကလေးတွေကို ဖေဖော်ဝါ ရီလကုန်မှာ အကုန်လုံးကျောင်း ကိုပိတ်လိုက်ခြင်းအားဖြင့် က လေးတွေဟာနွေရာသီမှာ တခြား သင်တန်းတွေရှာဖွေတက်နေရ တယ်။ တချို့မိဘတွေက အိမ်မှာ  ကလေးတွေထိန်းသိမ်းရတဲ့အခြေ အနေဖြစ်တယ်ဆိုတဲ့ Voice တွေ ကြားရတာကြောင့် ပြည်ထောင်စု ၀န်ကြီးရဲ့လမ်းညွှန်ချက်နဲ့အညီ မတ်လ ၃၁ ရက်အထိကျောင်း တက်မယ်။ ဒါပေမဲ့ လေးတန်း၊ ရှစ်တန်းတွေက ပုံမှန်အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။  အဲဒီတော့တချို့ စာမေးပွဲကျောင်းတွင်းစစ်တွေ ဟာ ဖေဖော်ဝါရီမကုန်ခင်နောက် ဆုံးပတ်လောက် စကောင်းစပါ လိမ့်မယ်။ ဒါတွေက မသိရသေး ပါဘူး။ ကျွန်တော်တို့ညှိပြီးတော့ မှ ထုတ်ပြန်ဖို့ရှိပါတယ်’’ ဟု ဦးကို  လေးဝင်းကပြောသည်။

အခြေခံပညာအတန်းများ ၏ နှစ်ဆုံးစာမေးပွဲကို ၂၀၁၉ - ၂၀ ပညာသင်နှစ်ကစကာမတ်လ နောက်ဆုံးပတ်တွင် စစ်ဆေး မည်ဟု ဧပြီ ၂၁ ရက်၌ ကမာ ရွတ်တီတီစီတွင် ကျင်းပသည့် Grade−6 (သင်ရိုးသစ်) တိုင်းဒေ သကြီးနှင့် ပြည်နယ်အဆင့်ဆွေး နွေးပွဲ၌ ပညာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ပြောကြားခဲ့သည်။

နှစ်စဉ် အခြေခံပညာ ကျောင်းများကို ဖေဖော်ဝါရီလ ကုန်တွင် ပိတ်သော်လည်း ပညာ ရေးဝန်ကြီးဌာန၏ ပညာရေးပြက္ခ ဒိန်၌ နွေရာသီကျောင်းပိတ်ရက် ကို ယခင်ကတည်းက ရက် ၆၀  သာထည့်ဆွဲထားသည်။ ထို့ ကြောင့် မတ်လသည်ယခင်က တည်းက ကျောင်းတက်ရက်စာ ရင်းတွင် ပါဝင်သည်ဟု ဦးကို လေးဝင်းကပြောသည်။

သို့သော်ဖေဖော်ဝါရီလကုန် တွင် စာမေးပွဲစစ်ကာမတ်လတွင်  ကျောင်းပိတ်သည့်စနစ်သည် နှစ် ပေါင်းများစွာကြာပြီဖြစ်၍ ရာသီ ဥတုပိုမိုပူပြင်းလာချိန်၌ နွေ ကျောင်းပိတ်ရက် တစ်လလျော့ မည့်အပေါ်မိဘအများစုကဝေဖန် သည်။ အခြေခံပညာကျောင်းများ ကို ဇွန်လ ၃ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်ရာ မေလ ၂၅ ရက် ကစကာကျောင်းအပ်လက်ခံမည် ဖြစ်သည်။

No comments:

Post a Comment