Friday, May 17, 2019

ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားစေနိုင်သည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးကာကွယ်စောင့်ရှောက်ပေးရန်လွှတ်တော်တွင် အဆိုတင်

ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားစေနိုင်သည့်ကိစ္စရပ်များအားဥပဒေနှင့်အညီထိရောက်စွာအသိပညာပေးတားဆီးကာကွယ်စောင့်ရှောက်ပေးရန်အစိုးရအားတိုက်တွန်းကြောင်းအဆိုကိုစေတုတ္တရာမဲဆန္ဒနယ်မှဦးကျော်အောင်လွင်ကယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်တင်သွင်းခဲ့သည်။



၎င်း၏အဆိုအပြည့်အစုံမှာနိုင်ငံအဝန်းတွင်စိုးရိမ်ဖွယ်မြင့်မားစွာဖြစ်ပွားလျက်ရှိသောကင်ဆာရောဂါဆိုးအားဖြစ်ပွားမှုလျော့ကျစေရန်ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားစေနိုင်သည့်ကိစ္စရပ်များအားဥပဒေနှင့်အညီထိရောက်စွာအသိပညာပေးတားဆီးကာကွယ်စောင့်ရှောက်ပေးပါရန်နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်းအဆိုဖြစ်သည်။

ဦးကျော်အောင်လွင်က"ကျွန်တော်တို့နေ့စဉ်စာ
းသောက်နေတဲ့အစားအစာတွေဟာအစာလည်းဆေးဆေးလည်းအစာအသက်ရှည်ရာအနာမဲ့ကြောင်းကောင်းမြတ်တဲ့အရာတွေဖြစ်ရမယ့်အစားအဆိပ်သင့်တဲ့အစာတွေကိုကျွန်တော်တို့စားနေကြရတာပါ။လူတွေရဲ့ဝိသမလောဘတွေကဘယ်သူသေသေငတေမာစိတ်ဓာတ်တွေဖြစ်လာပြီးတော့မိမိငွေရဖို့အဓိကစားသုံးသူရောဂါရတာငါနဲ့မဆိုင်ဆိုတဲ့လုပ်ရပ်တွေကိုကျွန်တော်တို့အသိပညာတွေပေးဥပဒေနဲ့အညီထိရောက်စွာတားဆီးကာကွယ်ဖို့လိုပါတယ်"ဟုထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင်ဆေးလိပ်ငွေ့ကိုတစ်ဆင့်ခံရှုရှိုက်မိသူများမှာကိုယ်တိုင်ဆေးလိပ်သောက်သုံးသူများကဲ့သို့ရောဂါရရှိစေနိုင်ကြောင်း၊ကင်ဆာကြောင့်သေဆုံးသူများ၏(၁၀)ရာခိုင်နှုန်းမှာကိုယ်တိုင်ဆေးလိပ်၊ဆေးရွက်ကြီးသုံးစွဲသူများမဟုတ်ပဲအခြားသူသောက်သုံးသောဆေးလိပ်ငွေ့ကိုရှုရှိုက်မိသူများဖြစ်ကြောင်းလည်း၎င်းကဆိုသည်။

ထို့ကြောင့်ဥပဒေအရဆေးလိပ်သောက်ခွင့်မရှိသောနေရာများ၊အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၊အစိုးရနှင့်သက်ဆိုင်သောအဆောက်အဦးများ၊အလုပ်နေရာများ၊ယာဉ်ရထားများနှင့်လူအများတည်းခိုနေထိုင်အပန်းဖြေရာနေရာများတွင်ထိရောက်စွာတားမြစ်ရန်လိုပြီးဆေးလိပ်ငွေ့ကင်းစင်နယ်မြေများတိုးချဲ့သတ်မှတ်ဖော်ဆောင်သင့်ကြောင့်လည်းအကြံပြုခဲ့သည်။

အဆိုကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်
ဦးကထောက်ခံဆွေးနွေးခဲ့ပြီးလက်ခံဆွေးနွေးရန်သင့်၊မသင့်လွှတ်တော်၏ဆန္ဒရယူခဲ့ရာသဘောမတူသူမရှိသည့်အတွက်လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်ကကြေညာခဲ့သည်။

No comments:

Post a Comment