Friday, May 17, 2019

အမေရိကန်က ဟွာဝေးကုမ္ပဏီကို နာမည်ပျက်စာရင်းထဲ ထည့်သွင်း

အမေရိကန်သမ္မတထရမ့်ဟာ တရုတ်ပိုင်ဟွာဝေး ကုမ္ပဏီကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းကြောင်း ကြေညာလိုက်ပါတယ်။ သမ္မတထရမ့်ဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ ဟွာဝေးတို့ ပူပေါင်းဆောင်ရွက်နေတာကို ကန့်သတ်လိုက်တဲ့ အနေနဲ့ ယခုလို ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ အခု လုပ်ရပ်အပေါ် အမေရိကန် စီးပွားရေးသမားတွေကတော့ မကျေမနပ်ဖြစ်နေကြတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။



ပြင်သစ်သမ္မတ မက်ကရွန်က အမေရိကန်သမ္မတရဲ့လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံအတွက် လွန်ကဲတဲ့ ကာကွယ်မှုတွေ မပြုလုပ်သင့်ကြောင်းနဲ့ စီးပွားရေး ပိုမိုအဆင်ပြေအောင် ပြုလုပ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုများပြားလာအောင်သာ ပြုလုပ်သင့်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ပြင်သစ်အနေနဲ့ အမေရိကန်က ဟွာဝေးကို ပိတ်ဆို့လိုက်တဲ့အပေါ် လက်မခံနိုင်ကြောင်းနဲ့ ဥရောပနိုင်ငံတွေ အချင်းချင်း စည်းလုံးဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင်အမေရိကန်က စတင်လုပ်ဆောင်နေတဲ့ စီးပွားရေးစစ်ပွဲကိုလည်း မနှစ်ခြိုက်ကြောင်း ပြောထားပါသေးတယ်။

ဂျာမနီအစိုးရကလည်း ဟွာဝေးကို အမေရိကန်က ပိတ်လိုက်တဲ့ အပေါ် လက်သင့်မခံကြောင်းနဲ့ စီးပွားရေး ဈေးကွက်ထဲက ဟွာဝေးကို ချန်ထားခဲ့ပါက နည်းပညာဆိုင်ရာ ကိစ္စရပ်အချို့မှာ နှောင့်နှေးသွားနိုင်တယ်လို့ ပြောထားပါတယ်။

ဥရောပနိုင်ငံ အများအပြားကတော့ ထရမ့်ကြေငြာချက်ပေါ် ဆန့်ကျင်နေကြပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနကတော့ ယခုလိုပိတ်ဆို့ပြီး အမေရိကန်ရဲ့ လုံခြုံရေးကို ကာကွယ်တယ်ဆိုတာ နည်းလမ်းမကျကြောင်း ပြောထားပါတယ်။

No comments:

Post a Comment