Friday, May 17, 2019

တောင်ဒဂုံ ဝတ်ပြုဆုတောင်းပွဲ တားမြစ်သည့် မိုက်ကယ်ကျော်မြင့်နှင့် တစ်ဦးကို အမှုဖွင့်

ဒဂုံမြို့သစ်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဝတ်ပြုဆုတောင်းပွဲ တားဆီးပိတ်ပင်ရာတွင် ပါဝင်သူမိုက်ကယ်ကျော်မြင့်ပါ နှစ်ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ယမန်နေ့က အမှုဖွင့်ခဲ့သည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးလှမြင့်က တရားရုံးတွင် ဦးတိုက်လျှောက်၍ အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ‘‘အမှုဖွင့်လိုက်တဲ့အတွက် ဖမ်းဆီးရေးတွေ လုပ်နေပါတယ်’’ ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။



မေလ ၁၅ ရက်   ညက ဒဂုံမြို့သစ်တောင်ပိုင်းရှိ (၆၄) ရပ် ကွက်နှင့် (၁၀၆) ရပ်ကွက်ရှိ ဟာ ဂျီဦးတင်စိုးနှင့် ဦးရန်အောင်တို့ နေအိမ်၌အစ္စလာမ် ဘာသာဝင် တို့၏ ဥပုသ်လစုပေါင်းဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ရာ မိုက် ကယ်ကျော်မြင့်ဦးဆောင်၍ သံ ဃာအချို့အပါအဝင် အမျိုးသား ရေးလှုပ်ရှားသူဟုဆိုသူ ၁၀၀ ကျော်က ဝင်ရောက်တားဆီးပိတ် ပင်ခဲ့သည်။

၎င်းတို့က မြို့နယ်အာဏာ ပိုင်များကို ခေါ်ဆောင်၍ ဝတ်ပြု ဆုတောင်းမည့် နေအိမ်နှစ်အိမ်သို့ လာရောက်ပြီး ဝတ်ပြုဆုတောင်း မှု ပိတ်ပေးရန် တောင်းဆိုခဲ့သည်။

‘‘သူတို့က ဒီနေရာကို ချက် ချင်း ပိတ်ပေးပါဆိုပြီးတော့ တောင်းဆိုတယ်။ တောင်းဆိုတဲ့ နေရာမှာကျတော့ နည်းနည်းလေး တော့ ကြမ်းတာပေါ့။ အဲဒါတွေ ကျ ကျွန်တော်သိပ်မပြောချင်ဘူး။ သူတို့က အကြောင်းကြားတယ်။ ဝင်မယ်ဆိုပြီးတော့၊ ကျွန်တော် တို့က မဝင်စေချင်ဘူး။ မလိုလား အပ်တဲ့ပြဿနာတွေ မဖြစ်စေချင် ဘူး။ ရှင်းလည်းမရှင်းနိုင်ဘူး’’ ဟု (၁၀၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ဦးက ပြောသည်။

ထိုသို့ တားဆီးပိတ်ပင်ရန် လာရောက်သူများတွင် (၁၀၆) ရပ်ကွက်နေပြည်သူများ မပါဝင် ကြောင်းနှင့် လာရောက်သူများကို မြင်ဖူးခြင်း မရှိကြောင်း  ဦးသန်း ထိုက်ဦးက ဆိုသည်။

 အမျိုးသားရေးလှုပ်ရှားသူ ဟုဆိုသူ သုံးဦး က နေအိမ်အတွင်း ဝင်ရောက်    ကြည့်ရှုပြီးနောက် နေအိမ်၌ပြင်ဆင်ထားမှုများကို ပြန်လည်ဖျက်ခိုင်း၍ ဆက်လက် ဝတ်မပြုရန် တောင်းဆိုပြီး ခံဝန် လက်မှတ်ရေးထိုးခဲ့ကြောင်း ဝတ်ပြုဆုတောင်းရန် ပြင်ဆင်ထား သည့် (၁၀၆) ရပ်ကွက်နေအိမ်မှ ဦးရန်အောင်က ပြောသည်။

ည ၁၀ နာရီတွင် လာ ရောက်တားဆီးပိတ်ပင်ပြီးနောက်ည ၁၁ နာရီတွင် (၁၀၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌  ဝတ်ပြုဆု တောင်းမှု   မပြုလုပ်ပါဟု   ခံဝန် လက်မှတ်ထိုးခဲ့ရကြောင်း ၎င်းက ပြောသည်။

‘‘အဲဒီအထဲမှာ  ဒေသခံတစ် ယောက်မှ မပါပါဘူး’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် အမျိုးသားရေး ဆိုသူများက ဒဂုံမြို့သစ်တောင် ပိုင်း (၆၄) ရပ်ကွက်ရှိ ဦးတင်စိုး  နေအိမ်တွင် ပြုလုပ်သည့်ဝတ်ပြု ဆုတောင်းပွဲသို့ ထပ်မံသွား ရောက်ပြီး     တားဆီးပိတ်ပင်ခဲ့ သည်။

ည ၁၁ နာရီကျော်တွင် အ ဆိုပါ အမျိုးသားရေးဆိုသူများ ရောက်ရှိလာပြီး ဝတ်ပြုခြင်း မပြု လုပ်ရန် တားဆီးခဲ့ကြောင်း (၆၄) ရပ်ကွက်နေ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ကတော့ သူ တို့ပြောတဲ့အတိုင်းပဲ အေးအေး ချမ်းချမ်း လုပ်ပေးခဲ့ပါတယ်။ သူ တို့လာတဲ့အဖွဲ့တွေထဲမှာ ကျွန် တော်တို့ ရပ်ကွက်ဒေသခံတွေ တစ်ယောက်မှ မပါပါဘူး။ ရုန်း ရင်းဆန်ခတ်တော့ မဖြစ်ခဲ့ပါဘူး’’ ဟု ၎င်းကပြောသည်။ ကန့်ကွက် မှုရှိသဖြင့် တိုင်းအစိုးရအဖွဲ့ထံမှ ခွင့်ပြုစာထပ်မံ မထွက်မချင်း ခွင့် မပြုကြောင်း လက်မှတ်ထိုးခဲ့ရ သည်ဟု ဆိုသည်။

အမျိုးသားရေးဆိုသူများ သည် မေလ ၁၄ ရက်က (၂၆) ရပ်ကွက်ရှိ ဦးမောင်မောင် နေ အိမ်တွင် ပြုလုပ်သည့် ဝတ်ပြုဆု တောင်းပွဲသို့လည်း သွားရောက် ပိတ်ပင်ခဲ့သည်။

အမျိုးသားရေးဆိုသူများက ပိတ်ခိုင်းသည့် ဝတ်ပြုဆုတောင်း မှုများ ပြုလုပ်သည့် နေအိမ်များ သည် ရန်ကုန်တိုင်းဝန်ကြီးချုပ်က တရားဝင်ဝတ်ပြုဆုတောင်းခွင့် ပေးထားသည်။

ပြီးခဲ့သည့်နှစ်က တောင်ဒဂုံ မြို့နယ်တွင် ဝတ်ပြုရန် နေအိမ် ၁၄ လုံးလျှောက်ထားရာ အားလုံး ကိုခွင့်ပြုပေးပြီး ယခုနှစ်၌ နေအိမ် ၁၅ လုံး လျှောက်ထားရာ သုံးလုံး သာ ဝတ်ပြုဆုတောင်းရန် ခွင့်ပြု ပေးကြောင်း မြန်မာနိုင်ငံ အစ္စလာမ်ဘာသာရေးအဖွဲ့ အတွင်းရေးမှူး ချုပ် ဦးဝဏ္ဏရွှေက ပြောသည်။

‘‘ဟိုတစ်ခါတုန်းကလည်း ဒီ လိုပဲ သာကေတမှာ ကျောင်းနှစ် ကျောင်း အပိတ်ခံရတယ်။ ချိပ် ပိတ်ထားတာ ဒီနေ့ထိပြန်ဖွင့်မပေး ဘူး။ အခုလည်းကျွန်တော်တို့က ရိုးရိုးတန်းတန်း အစဉ်အလာအရ အစိုးရဆီမှာ ခွင့်ပြုချက်တောင်း တယ်။ အစိုးရက ခွင့်ပြုပေးတယ်။ အစိုးရက ခွင့်ပြုပေးရင်တော့ ရဲ တပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် ပေးရမှာ တာဝန်ရှိတာပေါ့’’ ဟု ဦးဝဏ္ဏရွှေက ပြောသည်။

 ထို့ကြောင့် တောင်ဒဂုံမြို့ နယ်ကိစ္စနှင့်ပတ်သက်ပြီး သက် ဆိုင်ရာ  အစိုးရအဆင့်ဆင့်သို့ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘မြန်မာပြည်သူ၊   ပြည်သား တွေရဲ့ စိတ်နေသဘောထားက ဒါမျိုးမဟုတ်ဘူးဗျ။ ဘယ်တုန်း ကမှ အဲဒါမျိုးမရှိဘူး။ အထူးသ ဖြင့် ဗုဒ္ဓဘာသာဝင်တွေမှာ အဲဒီ လိုစိတ်ထားမရှိဘူး။ တစ်သက် လုံးပေါင်းလာတဲ့သူဆိုတော့ သိ တယ်’’ ဟု ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးမြအေးက ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းဖြစ် ရပ်ကို ဦးဆောင်သည့် မိုက်ကယ် ကျော်မြင့်သည် မေလ ၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉   ကာကွယ်စောင့်ရှောက်ရေး နှင့် ပုဒ်မ ၂၆၁   ပြင်ဆင်ရေး ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့သည်။ ရန်ကုန်တိုင်း  ဝန်ကြီးချုပ်ကို သိက္ခာကျစေရန် ပြောဆိုရေး သား ဖြန့်ဝေခြင်းကြောင့် ၂၀၁၈ အတွင်း ထောင်ဒဏ်ကိုးလကျခံခဲ့ ရသည်။

ယခုအမှုဖွင့်သည့် ၅၀၅ (ခ) သည် အစိုးရကိုဖြစ်စေ၊ ငြိမ်ဝပ် ပိပြားရေးကိုဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို ကျူးလွန်ချင်လာအောင် ဆောင်ရွက်မှုဆိုင်ရာ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ် စေ ချမှတ်ခံရမည်ဖြစ်သည်။

No comments:

Post a Comment