Friday, May 17, 2019

မြဝတီမြို့၌ ငွေကျပ်သိန်း ၇၀ဝ၀ဝ ကျော်အကုန်ခံ၍ ခေတ်မီအဝေးပြေး ယာဉ်ရပ်နားစခန်းကြီးကို ၂၀၂၁ ခုနှစ်အပြီးတည်ဆောက်နေ

  မြန်မာ-ထိုင်း နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ တွင် ငွေကျပ်သိန်း ၇၀ဝ၀ဝ ကျော် အကုန်အကျခံ၍ ခေတ်မီအဝေး ပြေးယာဉ်ရပ်နားစခန်းကြီးတစ်ခု ကို ၂၀၂၁ ခုနှစ်အပြီးတည်ဆောက် နေကြောင်း သိရသည်။ အဆိုပါခေတ်မီယာဉ်ရပ်နား စခန်းကြီးအား ""စိမ်းလဲ့မြိုင်""အဝေး ပြေးယာဉ်ရပ်နားစခန်းဟုအမည် ပေးထားပြီး မြဝတီမြို့နှင့်သုံးကီလို မီတာအကွာ "အေးသုခ"ကျေးရွာ အနီး၌ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကာ မေ ၃ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ် တိုင်ပန္နက်တင် မင်္ဂလာအခမ်းအ နားတက်ရောက်၍ စတင်ဆောက် လုပ်နေခြင်းဖြစ်သည်။


""ကျွန်တော်တို့ "စိမ်းလဲ့မြိုင်" ခေတ်မီအဝေးပြေးယာဉ်ရပ်နား စခန်းတည်ဆောက်ဖို့ ကရင်ပြည် နယ်အစိုးရအဖွဲ့ကို တင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော်ရဲ့ အတည်ပြု ခွင့်ပြုချက်နဲ့ဆောင်ရွက်တာပါ။ နယ်စပ်မြဝတီမြို့မှာ အဝေးပြေး ယာဉ်ရပ်နားစခန်းမရှိတဲ့အတွက် ကားဂိတ်တွေလည်း နေရာစနစ် တကျမရှိတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေလည်း နေ့စဉ်နီးပါး ဖြစ်ပေါ်နေသလို ခရီးသွားပြည်သူ တွေလည်း အခက်အခဲဖြစ်ကြရပါ တယ်၊ ဒါကြောင့်ခေတ်မီအဝေးပြေး ယာဉ်ရပ်နားစခန်းကြီးတစ်ခုကို ကျပ်သိန်း ၇၀ဝ၀ဝ ကျော်အကုန် ခံတည်ဆောက်ပြီး ၂၀၂၁ ဧပြီလ လောက်မှာပြီးစီးဖို့ ခန်းမှန်းထား ပါတယ်၊ ယာဉ်ရပ်နားစခန်းကြီးပြီး သွားရင် အိမ်ရာစီမံကိန်းတွေကို ပါတည်ဆောက်သွားမှာပါ"" ဟု စိမ်း လဲ့မြိုင်အဝေးပြေးယာဉ်ရပ်နား စခန်းတည်ဆောက်ရေးစီမံကိန်းမှ မန်နေးဂျင်းဒါရိုက်တာဦးမျိုးဝင်း သန်းကပြောကြားသည်။

အဆိုပါ""စိမ်းလဲ့မြိုင်""ခေတ် မီအဝေးပြေးယာဉ်ရပ်နားစခန်း ကြီးတွင် မော်တော်ယာဉ်ကြီးများ အတွက် ၂၅ ပေ၊ ပေ ၄၀ နှစ်ထပ် ဆောင် ၅၃ ဆောင်၊ ယာဉ်ငယ် များအတွက် ၁၅ ပေ၊ ပေ ၃၀ နှစ် ထပ်ဆောင် ၅၀ တည်ဆောက် သွားမည်ဖြစ်ပြီး ယာဉ်ရပ်နား စခန်း၏ အကျယ်အဝန်းမှာ ကိုး ဧကရှိကြောင်း သိရသည်။

No comments:

Post a Comment