Friday, May 17, 2019

KIA အဖွဲ့မှထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာနေ မောင်သန်းဝင်းဦး၊ ဦးညွန့်ဦး၊ ဦးမောင်လင်း၊ မောင်ကြည်မိုးထွန်း၊ မောင်မင်းစိုးနှင့် မောင်အောင်ဆန်းဝင်းတို့ ခြောက်ဦးသည် ဟင်းရွက်ခူးရန်အတွက် မေ ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ရာ ထန်းတပင်ကျေးရွာ၏ အရှေ့ ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ KIA အဖွဲ့မှထောင်ထားသည့် နင်းမိုင်းတစ်လုံးအား မောင်သန်းဝင်းဦးမှ နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ရာ မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။ အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment