Friday, May 17, 2019

တရုတ်ရေနံသင်္ဘောများကြောင့် မတော်တဆမှုများမဖြစ်ပေါ်စေရေး ဥပဒေ၊ နည်းဥပဒေလိုအပ်နေဟု လွှတ်တော်ထောက်ပြ

ရခိုင်ပြည်နယ် မဒေးကျွန်းဆိပ်ကမ်းမှ တရုတ်နိုင် ငံသို့ ရေနံစိမ်းများတင်ပို့ရာတွင် မတော်တဆမှုများနှင့် ဆီယိုဖိတ် မှုများ မဖြစ်ပေါ်လာစေရန် ကြို တင်စီမံဆောင်ရွက်ရေး အစိုးရကို လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းပြောကြားသည်။ေ မလ ၁၅ ရက်တွင် ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေး၌ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ ဦးမောင်မောင်အုန်းတင်သွင်း သည့် ရခိုင်ပြည်နယ်မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ရေ နံစိမ်းများ သယ်ယူရန် တန်ချိန် သုံးသိန်းခန့်အရွယ်ရှိ ဆီတင် သင်္ဘောကြီးများ ၀င်ရောက်နေ သဖြင့် မတော်တဆမှုများမဖြစ် ပေါ်စေရေး အစိုးရကကြိုတင်စီမံ ခြင်းများပြုလုပ်ရန် တိုက်တွန်း ကြောင်းအဆိုကို ဆွေးနွေးရာတွင် ကိုယ်စားလှယ်များက တိုက်တွန်း ပြောဆိုခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မဒေးကျွန်း ဆိပ်ကမ်းမှ ရေနံစိမ်းများကို စု ဆောင်းပြီး ပိုက်လိုင်းကြီးများဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပို့ ဆောင်မှုတွင် ဧရာမသင်္ဘောကြီး များဖြင့် ဆီတင်၊ ဆီချလုပ်ဆောင်ရာ၌ မတော်တဆမှုများ၊ ယိုဖိတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်အစီအမံများဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေများရေးဆွဲပေးစေလိုရေးဖြစ်ကြောင်း ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်နိုင်က ပြောသည်။

မဒေးကျွန်းကို CMPC ကုမ္ပဏီကဒေါ်လာ ၇၁ သန်းကုန် ကျခံကာ တာဝန်ယူတည်ဆောက် ခဲ့ပြီး အဆိုပါကျွန်းတွင် ရေနံတန် ချိန်သုံးသိန်းအထိတင်ဆောင်နိုင် သည့်သင်္ဘောကြီးများ ဆိုက်ကပ် နေကာ တစ်နှစ်လျှင် ရေနံတန် ချိန် ၂၂ သန်းခန့် ပို့ဆောင်နိုင် မည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးမြင့်နိုင်က ပြောသည်။

အရှေ့အလယ်ပိုင်းဒေသမှ တင်ဆောင်လာသော ရေနံစိမ်း များကို မဒေးကျွန်း၌ရေနံသိုလှောင် ကန်ကြီးများ တည်ဆောက်ပြီး ၂၀၁၇  မေလကစတင်ကာ ရေနံ များပို့ဆောင်နေသည်။ ရေနံစိမ်း များကို ရခိုင်ပြည်နယ် မဒေးကျွန်း မှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ ရွှေလီမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသို့ ရေနံစိမ်းပို့ ဆောင်ရန် CMPC ကုမ္ပဏီနှင့်မြန် မာအစိုးရ နှစ် ၃၀ စာချုပ်ချုပ်ဆို ထားပြီး မြန်မာနိုင်ငံအနေဖြင့် ပိုက်လိုင်းဖြတ်သန်းခ တစ်နှစ် လျှင် ကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်းနှင့် ရေနံပို့ဆောင်ခအခွန်အ ဖြစ် ရေနံတစ်တန်လျှင် တစ်ဒေါ် လာနှုန်းရရှိမည်ဖြစ်သည်။

‘‘မဒေးကျွန်းအနီးမှာနေတဲ့ ဒေသခံတွေအနေနဲ့ကတော့ ရေနံ တင်သင်္ဘောကြီးတွေကတစ်ဆင့် ရေနံဆီယိုစိမ့်ပြီး သဘာဝပတ်ဝန်း ကျင်ထိခိုက်ပျက်စီးမှုတွေ၊ ပတ် ၀န်းကျင်ထိခိုက်နစ်နာမှုတွေရှိ လာမှာကို စိုးရိမ်နေပါတယ်။ ဒါ ကြောင့် အစိုးရအနေနဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ အမိန့်ညွှန်ကြားမှု တွေရှိဖို့လိုအပ်ပါတယ်’’ ဟု ဦး မြင့်နိုင်က ပြောသည်။

ရခိုင်ပြည်နယ် မဒေးကျွန်း ဆိပ်ကမ်းသို့ တန်ချိန်သုံးသိန်းခန့် အရွယ်ရှိ သင်္ဘောများ တစ်နှစ် လျှင် အစီးရေနှစ်ထောင်ကျော် ၀င်၊ထွက်နေသဖြင့် ဆီယိုဖိတ်မှု များ တစ်ချိန်ချိန်တွင်ဖြစ်ပေါ်နိုင် သောကြောင့် ရေကြောင်းဆိုင်ရာ တာဝန်ရှိသူများ စေ့စပ်သေချာ စွာစစ်ဆေးရန် လိုအပ်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါ်သီရိရတနာကပြော သည်။

‘‘ဒီလိုသင်္ဘောကြီးတွေ သွား လာဖြတ်သန်းနေတဲ့နေရာမှာ ကျွန်မတို့ပင်လယ်ရေပြင်မှာ ဖြစ် ပေါ်လာမယ့် မတော်တဆမှုတွေ အတွက် ဘာအာမခံချက်ရှိပြီလဲ။ ဥပဒေ၊ နည်းဥပဒေမရှိတဲ့ ကျွန်မ တို့ ရေပိုင်နက်ထဲမှာ မတော်တဆ တိမ်းမှောက်သွားရင် ကျန်ထိစပ် နေတဲ့ ပင်လယ်ပြင်အတွက် ဘယ်လိုလုပ်ကြမလဲဆိုတာကို မေးခွန်းထုတ်ရမှာဖြစ်ပါတယ်’’ ဟု ဒေါ်သီရိရတနာကပြောသည်။

သယံဇာတကျိန်စာသင့်နေ သောမြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်နိုင်ရန်၊ တိုင်းရင်းသားပင် လယ်ငါးဖမ်းလုပ်ငန်းများကို ကာ ကွယ်စောင့်ရှောက်စေရန်၊ ကြို တင်မမျှော်မှန်းနိုင်သော ကိစ္စရပ် များမဖြစ်စေရန် လုပ်ဆောင်ချက် များကို ကြိုတင်ဆောင်ရွက်သင့် သည်ဟု ၎င်းက ပြောသည်။  ဦးမောင်မောင်အုန်းတင် သွင်းသည့်အဆိုကို ကိုယ်စား လှယ် ၁၁ ဦးကဆွေးနွေးမည်ဖြစ် ပြီး မေလ ၁၅ ရက်တွင် လွှတ်တော် ကိုယ်စားလှယ်ငါးဦးက ဆွေးနွေးပြီးနောက် ဆွေးနွေးရန် ကျန်ရှိသူခြောက်ဦးမှာ မေလ ၁၇ ရက်တွင်ကျင်းပမည့်အမျိုးသား လွှတ်တော်အစည်းအဝေး၌ ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

No comments:

Post a Comment