Friday, May 17, 2019

ခေါက်ချိုး Screen နဲ့ Laptop တွေ ထုတ်လုပ်ဖို့ ခြေတစ်လှမ်းတိုးလိုက်တဲ့ Lenovo

ခေါက်သိမ်းနိုင်တဲ့ Screen မျိုးပါရှိတဲ့ Laptop တွေ ဖန်တီးဖို့ဆိုတာဟာ စိတ်ကူးအသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဖုန်းတချို့မှာလည်း ဒီစိတ်ကူးကို အခြေခံဖန်တီးတဲ့ ထုတ်ကုန်တချို့မြင်နေရပါပြီ။ ဒါပေမဲ့ Laptopရဲ့ Screen တစ်ခုလုံးကို အမှန်တကယ် ခေါက်ချိုးသိမ်းဆည်းနိုင်ဖို့ဆိုတာက ထင်ထားတာထက် အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း Lenovo က ThinkPad X1Concept ကို စတင်ပြသချိန်မှာ Laptop နည်းပညာအတွက် အချိုးအကွေ့တစ်ခုအဖြစ် ကြိုဆိုလာတာ သိပ်တော့မဆန်းပါဘူး။

Lenovo ဟာ ဒီနမူနာအဆင့် Concept ဒီဇိုင်းအတွက် ခေါက်သိမ်း နိုင်တဲ့ OLED Screen တစ်ခုကို အသုံးပြုထားပါတယ်။ Thinkpad X1 ရဲ့ မျက်နှာပြင်ကို ဦးတည်ရာတစ်ဖက်တည်း ခေါက်ချိုး ချိုးထားနိုင်မှာပါ။ ထက်ဝက်ချိုးထားချိန်မှာ Tablet ဆန်ဆန် သုံးနိုင်သလို Screen ကို အပြည့်ဖြန့်ပြီး Bluetooth Keyboard တစ်ခုနဲ့ လွယ်လွယ်ကူကူ ချိတ်ဆက်နိုင် တာကြောင့် Laptop အသွင်ကို ချက်ချင်းပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

ThinkPad X1 ကို ကန့်လန့်ဖြတ် မျက်နှာပြင်အလျား ၁၃ ဒသမ ၃ လက်မရှိတဲ့ OLED Screen နဲ့ ဖွဲ့စည်းထားပါတယ်။ ခေါက်ချိုး ချိုးလိုက် မယ်ဆိုရင်တော့ Screen တစ်ခုချင်းရဲ့ ကန့်လန့်ဖြတ် အလျားက ၉ ဒသမ ၆ လက်မစီရှိနေမှာပါ။ ဒီအတိုင်းအတာတွေဟာ အသုံးများတဲ့ Laptopတွေနဲ့ Tablet တွေရဲ့ မျက်နှာပြင်အကျယ်အတိုင်း အနီးစပ်ဆုံးတူညီ အောင် သေသေချာချာ သတ်မှတ်တည်ဆောက်ထားမှန်း သိသာပါ တယ်။

အခုသီတင်းပတ်မှာ စတင်ပြသတဲ့ Concept မော်ဒယ်နဲ့ ပတ်သက် လို့ အချက်အလက် များများစားစားမကြေညာသေးပါဘူး။ ဒါပေမဲ့ ကနဦးသုံးသပ်လို့ရတဲ့ အခြေအနေတွေမှာ Screen ရဲ့ တွန့်ခေါက်နိုင်စွမ်း ညက်ညောမှုက အတော်လေးအထင်ကြီးစရာ ဖြစ်နေပါတယ်။ OLED Screenဟာ 2K Resolution မျိုး ထောက်ပံ့ပေးနိုင်ပြီး စမတ်ကညစ်တံ Stylusရဲ့ အထောက်အပံ့လည်း ပေးထားပါတယ်။ ဒါ့အပြင် စွယ်စုံအသုံးဝင် အောင် ဘက်ပေါင်းစုံက စဉ်းစားထားတယ်ဆိုတာလည်း အထင်အရှား ပါပဲ။

ဒါပေမဲ့ တချို့အချိန်တွေမှာ OS အသုံးပြုတာနဲ့ ပတ်သက်လို့ တုံ့ပြန် မှု နှေးကွေးတဲ့ ပုံစံလေးတွေတော့ တွေ့ရပါတယ်။ နောက်ပြီး Screen အချိုးအစားကို ၄း၃ ယူထားတာကလည်း နည်းနည်းထူးဆန်းသလို ဖြစ်နေတယ်။ Thinkpad X1မှာ IR Webcam၊ USB-C Port နှစ်ခု၊ Wacomရဲ့ Stylus တွေ ထည့်သွင်းပေးထားပါတယ်။ Lenovo က Intel CPU ကို သုံးပြီး Windows OS ကို အဓိကပလက်ဖောင်းအနေနဲ့ အခု Laptop ကို မောင်းနှင်စေဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ CPU အမျိုးအစား အသေးစိတ်နဲ့ Windows ရဲ့ ဗားရှင်းတွေကိုတော့ မထုတ်ပြန်သေးပါ ဘူး။လောလောဆယ်မှာတော့ လူတွေစိတ်ဝင်စားနေပေမယ့် ThinkPadX1 နဲ့ ပတ်သက်လို့ အရာရာပဟေဠိဆန်နေဆဲ ဖြစ်ပါတယ်။ Lenovo က ThinkPad X1 ဆိုတာတောင် ဈေးကွက်ထဲ တရားဝင်ရောင်းချချိန်မှာ အမှန်တကယ် သတ်မှတ်တဲ့ နာမည်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်လို့ ပြောပါ တယ်။ Tablet ရဲ့ ဈေးနှုန်းကို မသိရသေးသလို စတင်ရောင်းချမယ့်ကာလ ကိုလည်း မကြေညာသေးပါဘူး။ ဒါ့အပြင် ပါဝင်ဖွဲ့စည်းထားတဲ့ အစိတ် အပိုင်းတွေအရ စွမ်းဆောင်ရည်ပိုင်းကွဲပြားတဲ့ မျိုးကွဲတွေလည်း ရှိလာနိုင် ပါတယ်။ ဒီ Laptop တွေဟာ ၂၀၂၀ လောက်မှာတော့ Lenovo ရဲ့ အ ရောင်းဆိုင်တွေပေါ် ရောက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ Lenovo ဟာ Concept နမူနာအဆင့်ကနေ ဆက်တိုက်မွမ်းမံမှု တွေ လုပ်ဆောင်ရင်း ဒီဇိုင်းပိုင်းမှာပါ အပြောင်းအလဲတွေ ရှိလာနိုင်တာကိုလည်း ထည့်တွက်ရပါမယ်။ Screen ရဲ့ ဘောင်တွေက လက်ရှိထက် ကျဉ်းမြောင်းသွယ်လျသွားတာမျိုးတွေ ဖြစ်လာနိုင်ပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် Laptop နဲ့ ပတ်သက်လို့ ရေရေရာရာ မသိရသေးတာတောင် လူတွေရဲ့ စိတ်ဝင်စားမှုကိုတော့ အမှန်တကယ် ဆွဲဆောင်နေပါပြီ။ ခက်ခဲပြီးအကန့်အသတ်များလွန်းတဲ့ အခြေအနေတွေကို ကျော်လွှားပြီး Screen ခေါက်ချိုးနိုင်တဲ့ Laptop ကို ဈေးကွက်ထဲ အရောက်ပို့ဆောင်နိုင်ခဲ့ရင် တော့ Lenovo ရဲ့ အားထုတ်မှုနဲ့ စိတ်ကူးစိတ်သန်းတွေကို အလေးအနက် ချီးကျူးကြိုဆိုရတော့မှာ ဖြစ်ပါတယ်။

No comments:

Post a Comment