Friday, May 17, 2019

ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒတွင် ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့နိုင်ရေး မျှော်မှန်းချက် ပါဝင်

လာမည့် ၁၅ နှစ်အတွင်း နိုင်ငံ့လူဦးရေ ၂၀ ရာခိုင်နှုန်း ကား ပိုင်ဆိုင်၍ ပြည်ပဈေးကွက်သို့ ပြန် လည်တင်ပို့နိုင်မည်ဟု မျှော်မှန်း ရေးဆွဲထားသည့် ယာဉ်လုပ်ငန်း ဆိုင်ရာ မူဝါဒကို ၂၀၁၉ မေလ ၁၄ ရက်တွင် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒ ကို ယာဉ်နှင့် အစိတ်အပိုင်းများ တင်သွင်းခြင်း၊ တပ်ဆင်ခြင်း၊ ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ စနစ်တကျတိုး တက်စေရေးနှင့် စီးပွားရေးမဏ္ဍိုင် ကြီးတစ်ခု ဖြစ်လာစေရန် ရည် ရွယ်၍ ထုတ်ပြန်သည်ဟု ဆိုသည်။



၂၀၁၅ တွင် ပြည်တွင်း၌ ကားအစီးရေ ခုနစ်သိန်းကျော်ရှိပြီး လူ ၁,၀၀၀ လျှင် ၁၄ စီးရှိသည်။ ၂၀၁၆ တွင် လူ ၁,၀၀၀ လျှင် ၁၅ စီးအထိ တိုးတက်လာသည်။ ထိုယာဉ်အများစုသည် ရန်ကုန် တိုင်းအတွင်းဖြစ်၍ ယာဉ်ပိုင်ဆိုင် မှု ၆၆ ရာခိုင်နှုန်းရှိသည်။

အဆိုပါ မူဝါဒ၌ ပထမငါး နှစ်တွင် ကားပိုင်ဆိုင်မှုသည် နိုင်ငံ့ လူဦးရေ၏ ၄ ရာခိုင်နှုန်းရှိပြီး နိုင်ငံ အတွင်း ကားအစီးရေ နှစ်သန်းကျော်ရှိလာမည်ဟု ဆိုသည်။ ထို မျှော်မှန်းချက်အရ လာမည့် ၁၅ နှစ်အတွင်း ကားပိုင်ဆိုင်မှုသည် နိုင်ငံ့ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံအတွင်း ကားပိုင်ဆိုင်မှု ၁၀ သန်းအထိ ရှိလာမည်ဖြစ်သည်။ ထိုကာလတွင် ကားအသစ်ရောင်းချမှုသည် ၁ ဒသမ ၂ သန်း ရှိလာစေရမည်ဟု မူဝါဒ၌ မျှော် မှန်းထားသည်။ လက်ရှိတွင် ကား၁၇၅ စီးတွင် အသစ်တစ်စီးသာရှိ သည်ဟု ဆိုသည်။

အဆိုပါ မူဝါဒတွင် အပိုင်း သုံးပိုင်းပါဝင်ပြီး ပထမငါးနှစ်၌ နိုင်ငံတွင်း ကားပိုင်ဆိုင်မှုသည် လူဦးရေ၏ ၄ ရာခိုင်နှုန်းရှိရမည် ဖြစ်ပြီး တစ်စိတ်တစ်ပိုင်း တပ်ဆင်သည့် SKD စနစ်ကို အကောင်အ ထည်ဖော်ရန်ဖြစ်သည်။ အတည် ပြုလက်မှတ် CoA ဖြင့် ကနဦး ကားအစီး ၁၀၀ ကို ထိန်းချုပ်မည် ဟု ဆိုသည်။

ဒုတိယငါးနှစ် SKD စနစ်မှ အပြည့်အဝတပ်ဆင်သည့် CKD စနစ်ကို ကူးပြောင်းရန်ဖြစ်သည်။ ဈေးကွက်အရ အထူးလုပ်ငန်းသုံး ယာဉ်များ ထုတ်လုပ်ရန်ဖြစ်ပြီး အစားထိုး လောင်စာအသုံးပြု ယာဉ်များနှင့် လျှပ်စစ်ကားများ ဖွံ့ဖြိုးလာစေရန်ဖြစ်သည်။

တတိယမြောက် ငါးနှစ်တွင် နိုင်ငံအတွင်း လူဦးရေ ၂၀ ရာခိုင် နှုန်းသည် ကားပိုင်စေရမည်ဖြစ် ပြီး ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်မည့် ယာဉ်အစိတ်အ ပိုင်းများ ရွေးချယ်ဆုံးဖြတ်ရန် နှင့် ပြည်ပဈေးကွက်သို့လည်း တဖြည်းဖြည်း ချဲ့ထွင်ရန်ဖြစ် သည်။ ကားအဟောင်းဈေးကွက် အလွန်ကျဉ်းမြောင်းပြီး ကား ဟောင်းတင်သွင်းမှုကို ချုပ်ငြိမ်း စေရမည်ဟု ဆိုသည်။

‘‘အာဆီယံဒေသမှာ ကား ထုတ်လုပ်တဲ့ လုပ်ငန်းတွေများနေ ပြီ။ အခုမှ ဈေးကွက်ထယှဉ်ဖို့ မလွယ်ဘူး။ မြန်မာမှာ ကားထုတ် တဲ့ ဈေးကွက်ဖြစ်စေချင်ရင်တော့ အရင်ဆုံး ကားအပိုပစ္စည်းတွေ ထုတ်တဲ့ ဈေးကွက်အရင်ဖော်ပြီး ကားထုတ်တဲ့ ဈေးကွက်ကို ဖော် သင့်တယ်’’ဟု ဂျပန်ကားထုတ် လုပ်ရေးလုပ်ငန်းတစ်ခုမှ မန်နေ ဂျာတစ်ဦးက ပြောသည်။

၂၀၁၅ တွင် အမျိုးသား မော်တော်ယာဉ်မူဝါဒရေးရာအဖွဲ့ ကို ဖွဲ့စည်းကာ သက်ဆိုင်ရာဝန် ကြီးဌာနများ၊ ရင်းနှီးမြှုပ်နှံမှုကော် မရှင်၊ အင်ဂျင်နီယာကောင်စီ၊ ကုန်သည်စက်မှုအသင်းချုပ်တို့ နှင့် အဆိုပါ မူဝါဒကို ရေးဆွဲခြင်း ဖြစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသည့် မော်တော်ယာဉ်မူဝါဒ ပေါ်ပေါက် လာစေရန်၊ မော်တော်ယာဉ်ထုတ် လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း စသည့်လုပ်ငန်း များ တိုးတက်လာစေရန်၊ အလုပ် အကိုင်အခွင့်အလမ်းပေါများ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲ ဆောင်ရန်နှင့် နိုင်ငံတကာဈေး ကွက်နှင့် ချိတ်ဆက်သည့် မော် တော်ယာဉ် စက်မှုကဏ္ဍ ထူ ထောင်ရန်ဖြစ်သည်။

‘‘ဒီမှာ ကားထုတ်ဖို့က အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း က အစိုးရ မူဝါဒပေါ်မှာပဲ မူတည် တယ်။ သမားရိုးကျအတိုင်းသွား မယ်ဆိုရင် ဘေးအိမ်နီးချင်းနိုင်ငံ တွေကို မမီနိုင်ဘူး။ နည်းပညာ အကူအညီနဲ့ဆိုရင် ဖြစ်လာနိုင် တယ်။ ဈေးကွက်သဘောအရ မြင့်ရာကနေ နိမ့်ရာစီးဆင်းတတ် တော့ မူဝါဒကောင်းရင်လည်း တခြားဈေးကွက်က ပြည်တွင်းကို လျော့လာနိုင်တယ်’’ဟု Capital ကားအရောင်းပြခန်းပိုင်ရှင် ဦးခင် ထွန်းက ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး၊ စွမ်းအင်ခြိုးခြံချွေတာ သော စက်မှုလုပ်ငန်းနှင့် ဘေး အန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရစေခြင်းတို့ ဖြစ်စေရမည်ဟု အဆိုပါ မူဝါဒ၌ ထည့်သွင်းထား သည်။

No comments:

Post a Comment