Friday, May 17, 2019

လွိုင်ကော်ဗိုလ်ချုပ်ရုပ်တုကိစ္စ ဆွေးနွေးမှုပျက်ပြီးနောက် အရေးကြီးကာလအဖြစ် ပြည်နယ်အစိုးရ သတ်မှတ်

တစ်နှစ်ခန့်ကြာ တင်းမာနေသည့် လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ် ရုပ်တု ပြောင်းရွှေ့ရေး ဆွေးနွေးပွဲများ ပျက်ပြယ်ပြီးနောက် ပြည်နယ် တစ်ခုလုံးကို မေလ ၁၄ ရက်ကစ၍ အရေးကြီးကာလအဖြစ်သတ်မှတ် ကြောင်း ကယားပြည်နယ်အစိုးရက သတိပေးချက်ထုတ်ပြန်သည်။
ကယားပြည်နယ်  အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အစိုးရအဖွဲ့နှင့်  ဗိုလ်ချုပ်ရုပ်တုထားရှိခြင်းကို ကန့်ကွက်သည့်  သပိတ်ကော်မတီဝင်များ ပါဝင်သော ဗိုလ်ချုပ်ရုပ်တု ပြောင်းရွှေ့ရေးဆွေးနွေးပွဲကို မေလ ၁၄ရက်က ပြုလုပ်သော်လည်း မိနစ်ပိုင်းအတွင်း ပျက်ခဲ့ပြီးနောက် အစိုးရအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အချိန်ကာလ သတ်မှတ်ချက်ပါ ၀င်ခြင်း မရှိပေ။ သတိပေးစာတွင် နယ်မြေ လုံခြုံရေး၊ ရုံးလုံခြုံရေး အထူးဂရု ပြုဆောင်ရွက်ရန်နှင့် ထူးခြားဖြစ် စဉ်များဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီတင်ပြရန် ပြည်နယ် အဆင့်ဌာနဆိုင်ရာအားလုံးသို့ အ ကြောင်းကြားသည်ဟု ဖော်ပြ ထားသည်။

ယင်းစာကို ပြည်နယ်ဝန်ကြီး ချုပ်ကိုယ်စားအစိုးရအဖွဲ့ အတွင်း ရေးမှူးဦးညီညီမင်းက လက်မှတ် ထိုးကာ ပြည်နယ်အဆင့်ဌာနဆိုင် ရာများ၊ သက်ဆိုင်ရာခရိုင်အုပ် ချုပ်ရေးမှူးများထံ လိပ်မူပေးပို့ ထားသည်။

ထို့အတူ ဗိုလ်ချုပ်အောင် ဆန်းမြင်းစီးကြေးရုပ်တုကိစ္စနှင့်  ပတ်သက်၍  ကယားပြည်နယ် ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးလှမျိုးထွန်းက မေလ ၁၄ ရက် စွဲဖြင့် လက်မှတ်ထိုးကာ ဒေသန္တရ အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါအမိန့်တွင် ကန့် ကွက်ဆန္ဒပြမှုများ မဖြစ်ပွားစေ ရေး ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည် ခြင်းကိစ္စရပ်များ မပြုလုပ်ရန်၊ တားမြစ်အမိန့်ကို လိုက်နာမှုမရှိ ဘဲ ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရဖြစ်စေ၊ တည်ဆဲဥပဒေတစ် ရပ်ရပ်အရဖြစ်စေ ထိရောက်စွာ အရေးယူမည်ဟု ပါရှိသည်။

ပြည်နယ်အစိုးရအဖွဲ့၏ သ တိပေးစာနှင့် ဒေသန္တရအမိန့်များ ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍  ကယားပြည်နယ်အစိုးရအဖွဲ့ရုံး သို့ 7Day Daily သတင်းစာက ညနေ ၄ နာရီခန့်တွင် ဆက်သွယ် ရာ တာဝန်ကျအရာရှိတစ်ဦးက အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီ ညီမင်းသည် ၀န်ကြီးချုပ်ခရီးစဉ်  နှင့်အတူလိုက်ပါသွား၍မေးမြန်း ရန် အဆင်ပြေနိုင်မည်မဟုတ် ကြောင်း ပြောသည်။

ဗိုလ်ချုပ်ရုပ်တုကိစ္စနှင့် ပတ် သက်၍ ပြည်ထောင်စုအစိုးရကဖွဲ့စည်းထားသည့် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနအပါအ၀င် မေလ ၇ ရက်တွင် ပြုလုပ်သောလေးပွင့် ဆိုင်ဆွေးနွေးပွဲ သဘောတူညီ ချက်အရ နောင်တစ်ပတ်အကြာ ၌ ပြည်နယ်အစိုးရအဖွဲ့သပိတ် ကော်မတီနှင့် အဖွဲ့ဝင်ရှစ်ဦးပါ ညှိနှိုင်းဖော်ဆောင်ရေးကော်မတီ တို့  ထပ်မံဆွေးနွေးစဉ် မကျေ မလည်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ယခုထုတ်ပြန်သည့် ညွှန် ကြားချက်များအပေါ်    သပိတ် ကော်မတီခေါင်းဆောင်ဟောင်း ကို ဒီးဒီက ‘‘ဒါက ကြေးရုပ်နဲ့ ပတ်သက်ပြီးမှ လှုပ်ရှားမှုတွေကို ကြိုကာတဲ့သဘောအနေနဲ့ ခြိမ်း ခြောက်တဲ့ပုံစံ၊  အဲဒီလိုပဲမြင် တယ်’’ဟု မှတ်ချက်ပြုသည်။ လက်ရှိတွင် အငြင်းပွားမှု ဖြစ်နေသည့် ဗိုလ်ချုပ်အောင် ဆန်း မြင်းစီးကြေးရုပ်တုရှိရာ ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒဟေ၀န်ပန်းခြံဝန်းကျင်၌ အတားအဆီးများ ချထားပြီး ရဲ တပ်ဖွဲ့က လုံခြုံရေးယူထားသည်။

No comments:

Post a Comment