Friday, May 17, 2019

တင်ဒါမခေါ်ဘဲ မြေ ကိုးဧကကျော် ငှားရမ်းခြင်းက လက်သိပ်ထိုးပေးခြင်းမဟုတ်ကြောင်း စီးပွား/ကူးသန်း ငြင်းဆို

ထိုင်းနိုင်ငံ CP ကုမ္ပဏီ အုပ်စု၏ လက်အောက်ခံ Makro ROH Company Limited အား ရန်ကုန်မြို့ရှိ မြေကိုးဧကကျော် ငှားရမ်းခြင်းသည် လက်သိပ်ထိုး လုပ်ဆောင်ခြင်းမဟုတ်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူလက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ မင်္ဂလာတောင်ညွန့် စက် ဆန်းရပ်ကွက် အထက်ပုဇွန် တောင်လမ်းရှိ စားသုံးသူရေးရာ ဦးစီးဌာနပိုင် မြေကိုးဧကကျော်ကို  ၁ မီတာပတ်လည်လျှင် ခုနစ်ဒေါ်လာဖြင့် စီးပွားကူးသန်း ဝန်ကြီးဌာန လက်လီ၊ လက္ကား လုပ်ငန်းများ လုပ်ကိုင်ရန် Makro ROH Company Limited ကိုငှားရမ်းခဲ့သည်။ အဆိုပါမြေငှားမှုနှင့်ပတ် သက်ပြီး စီးပွားရေးလုပ်ငန်းရှင်အ ချို့က ဝန်ကြီးဌာနကို ဝေဖန်မှုများ ရှိသကဲ့သို့ တန်းတူအခွင့်အရေးရ လိုကြောင်း တောင်းဆိုမှုများ လည်း ရှိသည်။


ဝန်ကြီးဌာနပိုင် မြေကိုးဧက ကျော်ကို တင်ဒါမခေါ်ဘဲ သက် သာသောနှုန်းထားခြင့် ငှားရမ်း ခြင်းသည် မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒု တိယဥက္ကဋ္ဌ တစ်ဦးက ပြော သည်။ စီးပွားရေးလုပ်ငန်းရှင်များ က ထိုကဲ့သို့ ပြောသော်လည်း ‘‘ရေရှည်အကျိုးကို မျှော်ကိုးပြီး ဆောင်ရွက်တာပါ’’ ဟု ဦးခင် မောင်လွင်က ရှင်းပြသည်။

ဥပဒေစည်းမျဉ်း၊ စည်းကမ်း နှင့်အညီ မြေငှားခနှုန်းထားများကို သက်ဆိုင်ရာဌာန၊ တိုင်းဒေသကြီး အစိုးရနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှု ကော်မရှင်ထံ သဘောထားခွင့်ပြုချက်တောင်းယူပြီးမှ ခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ တင်ဒါ မခေါ်ခြင်းနှင့်ပတ် သက်၍ ရှင်းပြရာတွင် အချက်သုံး ချက်ကို အဓိကစဉ်းစားခဲ့သည်ဟု ဆိုသည်။ CP ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေး မြူရေးကဏ္ဍ၌ ဆောင်ရွက်နေ ခြင်း၊ လက်လီ၊ လက္ကားကဏ္ဍတွင် လည်း အောင်မြင်စွာ လုပ်ကိုင်နေ ခြင်း၊ မိမိထုတ်ကုန်များ နောက် ဆုံးသုံးစွဲသူထံ ရောင်းချနိုင်မည့် နည်းပညာများရရှိနိုင်ခြင်း စသည် တို့ကို စဉ်းစားဆောင်ရွက်ခဲ့သည် ဟု ဦးခင်မောင်လွင်က ပြောပြ သည်။ လက်ရှိ ထိုင်းနိုင်ငံ CP ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ မွေးမြူရေးနှင့်  စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသော  ကုမ္ပဏီဖြစ် သည်။

No comments:

Post a Comment