Friday, May 17, 2019

ထိုင်းဟိုတယ်လုပ်ငန်းနှင့် KMA ကုမ္ပဏီအုပ်စု ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်းခြောက်ခုတွင် ပူးပေါင်းလုပ်ကိုင်မည်

ထိုင်းဟိုတယ်လုပ်ငန်း Centara နှင့်ပြည်တွင်းမှ KMA ကုမ္ပဏီအုပ်စုတို့ ပူးပေါင်း၍ မြန် မာနိုင်ငံတွင် ကန်ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်း ခြောက်ခု၌ ရင်းနှီးမြှုပ်နှံရန်သ ဘောတူကြောင်း နှစ်ဖက်ကုမ္ပဏီ က သတင်းထုတ်ပြန်သည်။ ထိုဟိုတယ်များသည် အင်း လေး၊ ပုဂံ၊ နေပြည်တော်၊ တောင်ငူနှင့် သံတောင်တွင် တည်ရှိမည်ဖြစ်ပြီး အင်းလေး၊ နေပြည်တော်နှင့် တောင်ငူရှိဟို တယ်များကို ထိုင်းလုပ်ငန်းစုနာ မည်ဖြင့် ပြန်လည်မွမ်းမံမည်ဖြစ် သည်။ ‘‘ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းတွေရှိနေ တဲ့ မြန်မာနိုင်ငံကို ထိုင်းအမှတ်တံ ဆိပ်ကို ယူဆောင်လာတာပါ။ ထိုင်းအမှတ်တံဆိပ်ကြောင့် မြန် မာ့ခရီးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်’’ ဟု Centara ဟို တယ်လုပ်ငန်းစုအမှုဆောင်အရာ ရှိချုပ်က ပြောသည်။



အသစ်တည်ဆောက်မည့် ဟိုတယ်သုံးလုံးသည် ပုဂံနှင့်သံ တောင်တွင် တည်ဆောက်မည် ဖြစ်ပြီး စီမံကိန်းကို ၂၀၁၉ ၌ စတင်မည်ဖြစ်ကြောင်း ယင်း ကြေညာချက်တွင် ဖော်ပြထား သည်။

အဆိုပါ နေရာခြောက်ခုစလုံးသည် မြန်မာနိုင်ငံတွင် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးသည့် နေရာ များဖြစ်ပြီး လုပ်ငန်းအားလုံးကို ထိုင်းကုမ္ပဏီက စီမံခန့်ခွဲမည်ဖြစ် သည်။

KMA သည် CB ဘဏ်ပိုင် ရှင်နှင့်စီးပွားရေးလုပ်ငန်းရှင် ဦး ခင်မောင်အေးပိုင်ဆိုင်သည့် လုပ် ငန်းစုတစ်ခုဖြစ်ပြီး ဆောက်လုပ် ရေး၊ အိမ်ရာ၊ စိုက်ပျိုးရေး၊ ပို့ကုန် သွင်းကုန်၊ စက်ယန္တရားလုပ်ငန်း၊ မိုင်းတွင်းလုပ်ငန်း၊ သင်္ဘောလုပ် ငန်းနှင့် ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းများ လုပ်ကိုင်နေသည်။ Centara ဟိုတယ်လုပ်ငန်းစု သည် ထိုင်းနိုင်ငံ ဘန်ကောက်အ ခြေစိုက် ဟိုတယ်လုပ်ငန်းစုဖြစ် သည်။

No comments:

Post a Comment