Friday, May 17, 2019

တောင်သူများ ဒေသမျိုးရင်းကြက်မွေးမြူခြင်းဖြင့် လူမှုစီးပွားဘ၀ အဆင်ပြေနိုင်ဟုဆို

မကွေးမြို့နယ်ရှိ တောင် သူများ မကွေးတိုင်းဒေသကြီး ဒေ သမျိုးရင်း ကြက်(ဗမာကြက်)များ တစ်နိုင်တစ်ပိုင် ခြံခတ်မွေးမြူခြင်း ဖြင့် လူမှုစီးပွားဘ၀များ ပိုမိုအ ဆင်ပြေနိုင်ကြောင်း မကွေးတိုင်း ဒေသကြီးတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးဒေါက်တာမောင်မောင်စိုးဦး က ပြောသည်။ ဒေသမျိုးရင်း တိုင်းရင်း ကြက်များသည် နိုင်ငံခြားမျိုးဥစား ကြက်၊ အသားစားကြက်များ ထက် ကြက်ဥဈေး၊ အသားဈေး နှစ်ဆကျော်ပိုရသဖြင့် စီးပွားရေး တွက်ခြေကိုက်ကြောင်း ၎င်းကဆို သည်။



ထို့ကြောင့် မကွေးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာတွင် အီတလီနိုင်ငံ (Tdh. It Italy Myanmar)အဖွဲ့၏ (G.R.E.A.T Project) စီ မံကိန်းမှ ထောက်ပံ့ငွေဖြင့်တောင် သူ ၂၃၁ ဦးတို့က ဒေသမျိုးရင်း ကြက်ခြံခတ်မွေးမြူခြင်းကို အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ရာ အောင်မြင်နေကြောင်း ဒေါက် တာမောင်မောင်စိုးဦးက ပြော သည်။ ‘‘တိုင်းကြက်မွေးမြူတဲ့သူ တွေကို ကြက်ရောဂါနဲ့ပတ်သက် ပြီးတော့ လည်လိမ်ရောဂါ၊ အ သက်ရှူကျပ်ရောဂါ၊ ကြက်ငှက် တုပ်ကွေးရောဂါတွေနဲ့ပတ်သက် ပြီးတော့ ကာကွယ်ဆေးထိုးတာ တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ဟောပြောတာတွေကို ဆောင် ရွက်ပေးနေပါတယ်’’ ဟု ၎င်းက ဆိုသည်။ G.R.E.A.T Project စီမံ ကိန်းအနေဖြင့် ဒေသမျိုးရင်း ကြက်ခြံခတ်မွေးမြူခြင်းအတွက် ကြက်မခြောက်ကောင်၊ ကြက် ထီး(ကြက်ဖ)နှစ်ကောင် စတင် မွေးမြူသူတစ်ဦးလျှင် ကြက်ခြံနှင့် မွေးမြူရေးစရိတ်အတွက် ကျပ် ၁၆၅,၀၀၀ ထောက်ပံ့လှူဒါန်း နေကြောင်း စီမံကိန်းတာဝန်ခံ ဒေါက်တာလှိုင်စိုးမိုးက ပြော သည်။ ‘‘မျိုးရင်းကြက်မွေးတာ အ ရမ်းအဆင်ပြေပါတယ်။ ကြက် ရှစ်ကောင်ကနေ မ,တည်မွေးပြီး အကောင်တစ်ရာကျော်ကနေ ငါး ရာအထိတိုးချဲ့မွေးလာတဲ့သူတွေ ရှိတယ်။ ကျွန်တော့်ခြံမှာဆို တစ် လကို ကြက်ဥတစ်ရာ့ငါးဆယ်က နေ တစ်ရာ့ခုနစ်ဆယ်အထိရ တယ်။ ကြက်ဥတစ်လုံးကို အ နည်းဆုံးနှစ်ရာကနေ သုံးရာ့ငါး ဆယ်အထိရတယ်’’ ဟု ကန်ဦး ကျေးရွာမှ ဒေသမျိုးရင်းကြက် မွေးမြူသူဦးကျော်ဌေးက ပြော သည်။ ထို့ကြောင့် ဒေသမျိုးရင်း ကြက်တစ်နိုင်တစ်ပိုင်ခြံခတ်မွေး မြူရေးလုပ်ငန်းမှာ တောင်သူများ ၏ လူမှုစီးပွားဘ၀ကို တစ်ဖက် တစ်လမ်းမှ မြင့်မားစေသဖြင့် တိုင်းအတွင်းရှိ မြို့နယ်များအ လိုက် ကျေးရွာများတွင်မွေးမြူနိုင် ရန် အသိပေး ဟောပြောနေ ကြောင်း ဒေါက်တာမောင်မောင်စိုးဦးက ပြောသည်။

No comments:

Post a Comment