Sunday, June 23, 2019

ပူတာအိုဒေသတွင်တွေ့ရှိခဲ့သည့် ရှေးဟောင်းရုပ်ပွားတော်များ မူလနေရာတွင် စေတီပြန်တည်မည်

 ဓာတ်ပုံ-ပူတာအိုပြန်/ဆကျပူတာအိုဒေသတွင် တွေ့ရှိခဲ့သည့် ရှေးဟောင်းရုပ်ပွားတော်များ မူလနေရာတွင် စေတီပြန်တည်ထားမည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် သံဃနာယကဥက္ကဋ္ဌဌဆရာတော် ဘဒ္ဒန္တဦးအာဒိစ္စရံသီက မိန့်ကြားသည်။ ယင်းရှေးဟောင်းဘုရားနှစ်ဆူကို ဇွန် ၂ ရက်က သံဃနာယကအဖွဲ့များ၊ ရပ်မိရပ်ဖများက တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆရာတော်ဦးအာဒိစ္စရံသီက “နှစ်ပေါင်း ဘယ်လောက်ဆိုတာ သမိုင်းပညာရှင်တွေပဲသိမယ်။ နှစ်ပေါင်းတော့ ရာချီရှိတော့မယ်။
မြစ်ကြီးနားသွားတဲ့လမ်းဘက် ဖတ်မာချောင်းဘေးမှာတွေ့တာ။ ဘုရားကနှစ်ဆူပါ။ တစ်ဆူ နဲ့တစ်ဆူ သုံးလေးဖာလုံလောက်ဝေးတယ်။ ဘေးမှာက လက်ကွက်ဟောင်းလိုဟာမျိုး တွေ့တယ်။ ကောင်းမှုလုံထက် စောသလား၊ နောက်ကျသလား ဘုန်းကြီးလည်း မသိတတ်ဘူး။ အစိုးရအဖွဲ့တွေ၊ သုတေသနအဖွဲ့တွေကို စာတင်ထားကြပြီလို့ကြားတယ်။ အခုကတော့ လန်းနိုးဘုန်းကြီးကျောင်းမှာ ဘုရားဌာပနာတွေကို သိမ်းထားတယ်။ အဲဒီစေတီဟောင်းနေရာမှာပဲ စေတီပြန်တည်ဖို့ သံဃာတွေ ညှိနှိုင်းထားတယ်” ဟု မိန့်ကြားသည်။ ပူတာအိုသည် မြန်မာနိုင်ငံ မြောက်ဘက်အကျဆုံး ခရိုင်မြို့တစ်ခုဖြစ်ပြီး မြစ်ကြီးနားမြို့မှ မိုင်ပေါင်း ၂၁၈ မိုင်အကွာတွင် တည်ရှိသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်သည့် တိုင်းခန္တီးရှမ်းလူမျိုးများ ရာစုနှစ်ချီကာ နေထိုင်ကြသည့် ဒေသတစ်ခုဖြစ်ပြီး ကောင်းမှုလုံစေတီမှာ ထင်ရှားသော စေတီတစ်ဆူဖြစ်သည်။

No comments:

Post a Comment