Sunday, June 23, 2019

The Voice Myanmar Finalist လေးဦးပါဝင်တင်ဆက်မည့် FG Live Lounge ဂီတဖျော်ဖြေပွဲ ရေကူးစတူဒီယိုတွင်ပြုလုပ်မည်

The Voice Myanmar Finalist လေးဦးပါဝင်တင်ဆက်မည့် FG Love Lounge ဂီတဖျော်ဖြေပွဲအား ဇူလိုင် ၆ ရက်တွင် ရန်ကုန်မြို့ ရေကူးစတူဒီယို၌ တင်ဆက်ရန် စီစဉ်ထားသည်ဟုသိရသည်။ The Voice Myanmar Season 2 ၏ Grand Final တွင် ယှဉ်ပြိုင်ခဲ့ကြသည့် Finalist လေးဦးက တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကာ ပရိသတ်များနှင့် အနီးကပ်ရင်းနှီးစွာ တင်ဆက်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။ FG Live Lounge ဂီတဖျော်ဖြေပွဲကို အားပေးလိုသူများအနေဖြင့် လက်မှတ်တစ်စောင်လျှင် ကျပ် ၁၂၀ဝ၀ နှုန်းဖြင့် အားပေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အပတ်စဉ်စနေနေ့တိုင်းမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေနဲ့အတူ ရင်းရင်းနှီးနှီး သီချင်းတွေဆိုရင်း ဖြတ်သန်းသွားနိုင်မယ့် FG Live Lounge ဂီတဖျော်ဖြေပွဲတွေကို ကျင်းပသွားဖို့ရှိပါတယ်။ ပထမဆုံးရက်သတ္တပတ်မှာတော့ မကြာခင်ကပြုလုပ်ပြီးခဲ့တဲ့ The Voice Myanmar Season 2 Grand Final က Finalist လေးဦးရဲ့ ဖျော်ဖြေမှုတွေကို အားပေးခွင့်ရမှာပါ။ သူတို့ကို ရုပ်သံကနေပဲ အားပေးခဲ့သူတွေအနေနဲ့ အနီးကပ်အားပေးရင်းနဲ့ တွေ့ဆုံခွင့်ရမယ့်အစီအစဉ်ပါ။ တစ်ဦးချင်းက ပြိုင်ပွဲတောက်လျှောက်မှာ ပရိသတ်တွေနဲ့ အမှတ်တရရှိစေမယ့် သီချင်းမျိုးတွေကို ပြန်လည်သီဆိုမှာဖြစ်သလို ကိုယ်ပိုင်တေးသီချင်းရှိသူတွေလည်း ကိုယ်ပိုင်တေးသီချင်းတွေနဲ့ ထည့်သွင်းဖျော်ဖြေကြပါမယ်။ လက်မှတ်ဝယ်ယူလိုသူတွေလည်း စတင်ဝယ်ယူနိုင်ပါပြီ” ဟု FG Live Lounge ဖျော်ဖြေပွဲနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်မည့် တေးသံရှင် Paul Austin ကလည်း “ကျွန်တော့်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဖျော်ဖြေခွင့်ရမယ့် ပွဲဆိုတော့ အရမ်းစိတ်လှုပ်ရှားနေသလို ပြိုင်ပွဲမဟုတ်ဘဲ ရှိုးအနေနဲ့ တင်ဆက်ရမှာဆိုတော့ ပိုပြီးစိတ်လှုပ်ရှားပါတယ်။ ပရိသတ်တွေအတွက် သီချင်းတွေအများကြီးလည်း ဆိုပြချင်ပါတယ်။ ဆိုပြဖို့လည်း ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းလေးယောက်ရဲ့ ဖျော်ဖြေမှုကို လာရောက်အားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ပြောပြခဲ့သည်။ FG Live Lounge တင်ဆက်မှု၏ ပထမဆုံးရက်သတ္တပတ်တွင် The Voice Myanmar မှ Finalist များဖြစ်သည့် Winner ဆုရှင်နိုဗမ်ထူးနှင့် Paul Austin၊ ဟေဇယ်၊ Melody Khong တို့က တေးသီချင်းများစွာဖြင့် ဖျော်ဖြေမည်ဖြစ်ကာ ဖျော်ဖြေပွဲကို ညနေ ၆ နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment