Sunday, June 23, 2019

တိုင်းနှင့်ပြည်နယ်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနအသစ် ဖွဲ့စည်းမည်

လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန် ကြီးဌာနအသစ်ကို တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ဖွဲ့စည်းမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ၀န်ကြီးချုပ်ဒေါက်တာဇော် မြင့်မောင်က ပြောသည်။ အဆိုပါဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသို့ တင် ပြခြင်းဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။



‘‘အဓိကလုပ်ချင်တဲ့ ရည် ရွယ်ချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးချင် လို့၊ လူ့စွမ်းအားအရင်းအမြစ်တွေ ကို သေချာကိုင်တွယ်ပြီးတော့ ကျန်ခဲ့တဲ့ တစ်နှစ်ခွဲကာလအ တွက် အလုပ်အကိုင်ဖန်တီးရေး ဒီဝန်ကြီးဌာနက ဖန်တီးပေးမယ်။ နောက်တစ်ခုက ရွှေ့ပြောင်းနေ ထိုင်မှုတွေ များနေတယ်။ လုပ် ငန်းကိုင်ငန်းအဆင်ပြေတဲ့နေရာ တွေ ပြောင်းသွားတဲ့အချိန်မှာ သူ တို့ကိုလည်း မဲပေးတဲ့အခါမကျန် စေချင်ဘူး။ လူဝင်မှုကြီးကြပ်ရေး က နိုင်ငံသားရပိုင်ခွင့်အပြည့်အ၀ ရအောင် လုပ်ပေးမယ်’’ ဟု ၎င်း ကရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီး လူ ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် ဇွန်လ ၂၁ ရက်က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် (၁၄)ကြိမ်မြောက်ပုံ မှန်အစည်းအဝေးပထမနေ့တွင် တင်ပြပြီး လွှတ်တော်ကဖွဲ့စည်း ရန် သဘောတူခဲ့သည်။

ဝန်ကြီးခန့်အပ်ရန် တိုင်းဒေ သကြီးနှင့်ပြည်နယ်များမှ သမ္မတ ရုံးသို့တင်ပြပြီး သင့်လျော်သူများ ကို ရွေးချယ်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆို သည်။

‘‘မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ အတွေ့အကြုံရှိ တဲ့ကိုယ်စားလှယ်တွေရှိတယ်။ ဒီတစ်ခေါက်ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေထဲက စိတ်ကူး ထားတယ်။ မန္တလေးတိုင်းအတွက် သုံးယောက်ရွေးတင်ထားတယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ မန္တလေးတိုင်းဒေသကြီး လူ ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီး အဖြစ် ခန့်အပ်မည့်သူကို လာမည့် အကြိမ်လွှတ်တော်ခေါ်ယူရာတွင် ကြေညာနိုင်မည်ဖြစ်ကြောင်း ၀န် ကြီးချုပ်က ပြောကြားခဲ့သည်။

No comments:

Post a Comment