Sunday, June 23, 2019

7 July အောက်မေ့ဖွယ် အခမ်းအနားကို စိန်ရတုခန်းမမှာ ကျင်းပဖို့စီစဉ်

လာမယ့် 7 July အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်က စိန်ရတုခန်းမမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ အဲဒီအခမ်းအနားကို လာမယ့် ဇူလိုင်လ ၅ ရက်မှာ ကျင်းပဖို့စီစဉ်ထားတာဖြစ်ပြီး ကျောင်းသားသမဂ္ဂ အဖွဲ့တွေ စုပေါင်းပြီး ပြဇာတ်ကပြဖျော်ဖြေ မှုတွေ ပြု လုပ်ဖို့ရှိနေပါတယ်။ ဒါအပြင် 7 July အကြောင်းဟောပြောပွဲ ၊ ကဗျာရွတ်ဆိုတာတွေလည်းထည့်သွင်းမယ်လို့သိရပါတယ်။ အခမ်းအနားမှာတော့ ဒဂုံ တက္ကသိုလ်၊ သံလျှင်နည်းပညာတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အပါအ၀င် တက္ကသိုလ် ၈ ခုက သမဂ္ဂအဖွဲ့တွေ ပါဝင်မှာဖြစ်တယ်လို့  ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ဒုတိယ ဥက္ကဌ ကိုသန်းဇော်ဦးက ပြောပါတယ်။ ဒါ့အပြင် ဓာတ်ပုံပြပွဲတွေကိုပါ ပြုလုပ်ပြီး သမိုင်းကြောင်း အထောက်အထားတွေကို ပြသဖို့ပါ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ၁၉၆၂ ခုနှစ် 7july ကျောင်းသားအရေးတော်ပုံမှာ သေဆုံးခဲ့သူတွေ အတွက် နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့တာဟာ ဒီနှစ်မှာတော့ ၅၇ နှစ်တိုင်ပြီဖြစ်ပါတယ်။

No comments:

Post a Comment