Sunday, June 23, 2019

တပ်မတော်အရာရှိများကို ကုလသမဂ္ဂနှင့် ICC အရေးယူပေးရန် တစ်ကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးခံရ

 မြန်မာတပ်မတော် အရာရှိကြီးများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)တို့က အမြန်ဆုံးလာရောက် အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုသူကို ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယမန်နေ့ နေ့လယ်တွင် ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ဒီမိုကရေ စီစဉ်ဆက်မ ပြတ်လှုပ်ရှားမှု အင်အားစု (MDCF)အဖွဲ့ ဗဟိုကော်မတီဝင် ကိုတင်မောင်ကြည်က တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခြင်း ဖြစ်သည်။


‘‘စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ စစ်ဗိုလ်ချုပ်တွေကို  အိုင်စီစီကနေ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးပါလို့ ၅၄ သန်းသော ပြည်သူတွေရဲ့ကိုယ်စား ကျွန်တော်တို့ MDCF အဖွဲ့က တောင်းဆိုပါတယ်’’ဟု ကိုတင်မောင်ကြည်က ပြောသည်။

‘‘Welcome ICC၊ Welcome UN ’’ ဟု ကိုတင်မောင်ကြည်က အော်ဟစ်သည်။ ဆန္ဒပြမှု ငါးမိနစ် အကြာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဆန္ဒပြရန် စာတင်ခွင့်ပြုမိန့် တောင်းခံခြင်း မရှိ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဆန္ဒပြတောင်းဆိုသော ကိုတင်မောင်ကြည်ကို ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်း၌ အမှုဖွင့်ထားသည်။

ကိုတင်မောင်ကြည်က ‘‘Welcome UN၊ ICC from M.D.C.F Criminal Myanmar Generals and Min Aung Hlaing Take Action Quick Please’’ဟု ရေးသားထားသော ဗီနိုင်းကို ချိတ်ဆွဲ၍ ဆန္ဒပြတောင်းဆိုခဲ့ သည်။

မြန်မာတပ်မတော် အရာရှိကြီးများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ ရာဇဝတ် တရားရုံးတို့က လာရောက် အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမှုကို MDCF အဖွဲ့ကလေးကြိမ်အထိ ပြုလုပ်ထားသည်။ယင်းအဖွဲ့ ခေါင်းဆောင်ကိုထင် ကျော်က ၂၀၁၈ သြဂုတ် ၃၁ ရက်တွင် ဆန္ဒပြတောင်းဆိုမှု စတင်ပြုလုပ်ခဲ့သည်။

၂၀၁၈ စက်တင်ဘာလကုန်တွင် ကိုတင်မောင်ကြည်က မြန်မာဗိုလ်ချုပ်များကို ICC သို့ လွှဲပြောင်းရန် ထောက်ခံကြောင်း ရန်ကုန်မြို့လယ်၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ မြန်မာအစိုးရနှင့် တပ်မတော်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိကြောင်းနှင့် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (ICC)ကို လက်မခံကြောင်း အကြိမ်ကြိမ်အတည်ပြု ပြောကြား ထားသည်။

No comments:

Post a Comment