Saturday, July 6, 2019

တရုတ်အမျိုးသမီးဘောလုံးလောကတိုးတက်ရေးအတွက် ဒေါ်လာ (၁၄၅)သန်း ဂျက်မားလှူဒါန်းမည်

တရုတ်နိုင်ငံ၏ဒုတိယချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် နည်းပညာနှင့်အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီ Alibaba ကိုတွဲဖက်တည်ထောင်သူ ဂျက်မားသည် တရုတ်အမျိုးသမီးဘောလုံးလောကတိုးတက်ရေးအတွက် ဒေါ်လာ (၁၄၅)သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ဒုတိယချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် နည်းပညာနှင့်အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီ Alibaba ကိုတွဲဖက်တည်ထောင်သူ ဂျက်မားသည် တရုတ်အမျိုးသမီးဘောလုံးလောကတိုးတက်ရေးအတွက် ဒေါ်လာ (၁၄၅)သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။



အသက် (၅၄)နှစ်ရှိဂျက်မားသည် သူပိုင်ဆိုင်သည့် အွန်လိုင်းငွေပေးချေမှုပလက်ဖောင်း Alipay နှင့်ပူးပေါင်းကာ အဆိုပါ ငွေကြေးကို အစိုးရ၏ထောက်ပံ့မှုအားနည်းသည့် အမျိုးသမီးဘောလုံးလောကအတွက် လှူဒါန်းသွားမည်ဖြစ်သည်။ ဂျက်မားလှူဒါန်းမည့် ဒေါ်လာ (၁၄၅)သန်းမှာ တရုတ်နိုင်ငံသုံးယန်းငွေ (၁)ဘီလီယံနှင့်ညီမျှပြီး လာမည့်ဆယ်စုနှစ်တစ်ခု အတွင်း အမျိုးသမီးဘောလုံးတိုးတက်ရေးအတွက် သုံးစွဲသွားမည်ဖြစ်သည်။
ယင်းလှူဒါန်းငွေများကို လက်ရွေးစင်အသင်းကစားသမား၏ခြေစွမ်းပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်ရေးလုပ်ငန်းစဉ်များ၊ ထိခိုက်ဒဏ်ရာနှင့် ကုသရေးလုပ်ငန်းများ၊ အနားယူသွားသည့်ကစားသမားများ အတွက် ထောက်ပံ့ရေး၊ နည်းပြသင်တန်းများနှင့် နည်းစနစ်တိုးတက်ရေးလုပ်ငန်းစဉ်များ၊ လူငယ်ကစားသမားများ မွေးထုတ်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်အမျိုးသမီးအသင်းသည် ယခုနှစ်တွင် (၈)မြောက်ကျင်းပသည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၇)ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၉၉ ခုနှစ်က ဒုတိယဆုရရှိခဲ့သည်။ အမျိုးသားလက်ရွေးစင်အသင်းမှာမူ ထောက်ပံ့မှုများစွာရရှိထားသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၂၀၀၂ခုနှစ်က (၁)ကြိမ်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ဂျက်မားသည် တရုတ်အမျိုးသမီးဘောလုံးလောကတိုးတက်ရေးအတွက် Alibaba ကုမ္ပဏီတွဲဖက်တည်ထောင်သူ ဂျိုးဇက်ချိုင်နှင့်ဆွေးနွေးကာ ငွေကြေးလှူဒါးန်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပိုင်ဆိုင်သည့် Alibaba ကုမ္ပဏီမှာ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်း၏ရှယ်ယာအနည်းငယ်ကိုလည်း ဝယ်ယူထားကြောင်း သိရသည်။

No comments:

Post a Comment