Saturday, July 6, 2019

ဗင်နီဇွဲလားတွင် တရားဥပဒေစိုးမိုးမှုသည် တစ်စတစ်စ ဆုတ်ယုတ်လာဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက ပြောကြား

ဇွန် ၂၂ ရက်တွင် ကာရာကက်၌ သတင်းစာရှင်းလင်းပွဲတွင် ဘာချီလက်က စကားပြောနေစဉ်ဗင္နီဇြဲလားနိုင္ငံတြင္ တရားဥပေဒစိုးမိုးမႈ တစ္စတစ္စ ဆုတ္ယုတ္လာမႈကို ကုလသမဂၢ လူ့အခြင့္အေရးအျကီးအကဲ မီရွဲဘာခ်ီလက္က ညည်းညူခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများအပါအဝင် နိုင်ငံရေးသဘောထားကွဲလွဲသူများနှင့် တက်ကြွလှုပ်ရှားသူများကို တိုက်ခိုက်မှုများအား ထောက်ပြခဲ့သည်။ “ဗင်နီဇွဲလားမှာအရေးပါတဲ့ အဖွဲ့အစည်းတွေနဲ့ တရားဥပဒေစိုးမိုးမှုဟာ တစ်စတစ်စ ဆုတ်ယုတ်လာပြီ” ဟု မီရှဲဘာချီလက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ပြောကြားခဲ့သည်။ ဘာချီလက်သည် အတိဒုက္ခရောက်နေသော တောင်အမေရိကနိုင်ငံသို့ ပြီးခဲ့သည့်လတွင် သွားရောက်ခဲ့ပြီးနောက် ဇူလိုင် ၄ ရက်နှောင်းပိုင်းတွင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသော အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလား၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် တစ်နှစ်ခွဲတွင် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွင်း လူ ၇၀ဝ၀ ခန့် သေဆုံးခဲ့သည်ကိုလည်း အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။

ဘာချီလက်၏ အစီရင်ခံစာတွင် ယင်းသေဆုံးမှုများအတွက် ဗင်နီဇွဲလားအထူးရဲ တပ်ဖွဲ့ (FAES) တွင် တာဝန်ရှိမှုကို ထောက်ပြခဲ့ပြီး ယင်းတပ်ဖွဲ့ကို ဖျက်သိမ်းရန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

လွတ်လပ်စွာ ထင်မြင်မှု၊ ထုတ်ဖော်ပြောကြားမှု၊ ပေါင်းသင်းဆက်ဆံမှုနှင့် စုဝေးမှုကဲ့သို့သော အခြေခံလူ့အခွင့်အရေး ကျင့်သုံးရန်ကြိုးပမ်းမှုများသည် လက်တုံ့ပြန်ခြင်းများနှင့် ဖိနှိပ်မှုများကို ကြုံတွေ့ခဲ့ရကြောင်း ゞင်းက ပြောကြားခဲ့သည်။

“နိုင်ငံရေးသဘောထားကွဲလွဲသူတွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေဟာ ခြိမ်းခြောက်မှု၊ သွားပုပ်လေလွင့်စွပ်စွဲချက်တွေကနေ ထင်တိုင်းကြဲထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှု၊  ဆိုးရွားစွာဆက်ဆံခံရမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ အတင်းအကျပ် ပျောက်ကွယ်သွားစေမှုအထိ တိုက်ခိုက်ခံရတယ် ဒါမှမဟုတ် တိုက်ခိုက်ခံရနိုင်ခြေရှိတယ်ဆိုတာကို အစီရင်ခံစာမှာ ဖော်ပြထားတယ်” ဟု ဘာချီလက်က ဆိုသည်။

ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အင်အားအလွန်အကျွံအသုံးပြုမှုကိုလည်း ゞင်းက သတိပေးခဲ့သည်။

သမ္မတ နီကိုလပ်စ်မာဒူရို၏ အစိုးရအဖွဲ့နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဌ ဟွမ်ဂွါအီဒိုတို့အကြား နိုင်ငံရေးအခြေအနေတင်းမာမှုနှင့် စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်နေသည့် ဗင်နီဇွဲလား၌ အခြားစိုးရိမ်ဖွယ်ရာဖြစ်သော လူ့အခွင့်အရေးချိးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေမှုကိုလည်း ယင်းအစီရင်ခံစာတွင် ရှုတ်ချခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ゞင်းသည် ကြားဖြတ်သမ္မတဖြစ်သည်ဟု ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ゞင်းကို အမေရိကန်နှင့် နိုင်ငံ ၅၀ ကျော်က အသိအမှတ်ပြုခဲ့သည်။ ရေနံကြွယ်ဝသည့် ဗင်နီဇွဲလားနိုင်ငံသည် ငွေကြေးအလွန်အမင်းဖောင်းပွမှု၊ အစားအစာမှသည် ဆေးဝါးများစသည့် အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ယင်းအကျပ်အတည်းကြောင့် လူသန်းနှင့်ချီ နိုင်ငံမှ ထွက်ပြေးခဲ့ရသည်။

No comments:

Post a Comment