Saturday, July 6, 2019

ကျော်ဇင်ထက် ဦးခေါင်းစွပ်ဖြင့် လေ့ကျင့်ခန်းပြန်ဆင်း

မ်းအသင်းနှင့်ပွဲတွင် ဦးခေါင်းထိခိုက်မိ၍ အရေးပေါ်ကု သမှု ခံယူရသည့် ရန်ကုန်အသင်း ဂိုးသမား ကျော်ဇင်ထက်သည်၁၀ ရက်ခန့် အနားယူပြီးနောက်  ဇူလိုင် ၄ ရက်၌ ဦးခေါင်းစွပ်ဖြင့် လေ့ကျင့်ခန်း ပြန်ဆင်းနေသည်။ ဇွန်လ ၂၃ ရက်က တောင်ကြီးမြို့၌ ယှဉ်ပြိုင်သည့် မြန်မာလိဂ်ပွဲပထမပိုင်းတွင် ရန်ကုန်ဂိုးသ မား ကျော်ဇင်ထက်သည် ရှမ်းအသင်း တိုက်စစ်မှူး ဇင်မင်းထွန်းနှင့် ဘောလုံးယှဉ်လုခိုက် ဦးခေါင်းထိခိုက်မိခဲ့သည်။ ယင်းထိခိုက်မှုကြောင့် ကျော်ဇင်ထက်သည် ပြန်လည်ထရပ်နိုင်သော်လည်း ပထမပိုင်း ပြီးခါနီး၌ ဂိုးဧရိယာအတွင်းတစ်ဦးတည်းရှိနေချိန် လဲကျခဲ့ သည်။



ကျော်ဇင်ထက်သည် လက် ရှိတွင် ဦးခေါင်းဒဏ်ရာ သက်သာသော်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကြောင့် ဦးခေါင်းစွပ်တပ်ဆင်ခြင်းဖြစ်ကြောင်း ရန်ကုန်အသင်းမီဒီယာတာဝန်ခံ ဒေါ်သိမ့်သိမ့် ထွန်းက ပြောသည်။

‘‘ဆရာဝန်က ကျော်ဇင်ထက် ကို ပြန်ကစားလို့တော့ ရတယ်။ ဒါပေမဲ့ ဦးခေါင်းဖြစ်လို့ ပြန်ထိမှာ စိုးတဲ့အတွက် ခေါင်းစွပ် စွပ်ခိုင်းတာပါ။ သူ့အတွက် ခေါင်းစွပ်ကို မလေးရှားအထိ သွားဝယ်ပေး ထားတာပါ။ အခုတော့ ခေါင်းစွပ် နဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန် ဆင်းနေပါပြီ။ ရတနာပုံပွဲပါ၊ မပါကတော့ နည်းပြရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ သူကတော့ ပြန်ကစားနေနိုင်ပါပြီ။ ခေါင်းစွပ်က တော့ သူ့ဒဏ်ရာ စိတ်ချရတဲ့ အခြေအနေအထိစွပ်ပြီး ကစားရမှာပါ’’ ဟု ၎င်းကပြောသည်။  အသက် (၂၉) နှစ်အရွယ် ကျော်ဇင်ထက်သည် ရန်ကုန်အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်း၏ အဓိကဂိုးသမား ဖြစ်သည်။ရန်ကုန်အသင်းသည် မြန်မာလိဂ် ပွဲစဉ် (၁၅) အဖြစ် ဇူလိုင် ၆ ရက်(ယနေ့)တွင် အိမ်ကွင်း၌ အဓိက ပြိုင်ဘက် ရတနာပုံအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

No comments:

Post a Comment